💕 - 10

1.2K 42 0
                                    

✍️ Unicode

နေမင်းခန့်လုပ်သမျှဝိုင်းကြည့်နေကြတဲ့သူတွေရဲ့မျက်လုံးတွေထဲမှာစိတ်အားထက်သန်မှုနဲ့ပျော်ရွှင်မှုကိုတစ်ပြိုင်တည်းမြင်နေရတယ်။

သူတို့ကိုသာပြောရတာပါ။အိမ်ရှေ့မြေကွက်လပ်မှာခင်းထားတဲ့မိုးကာပေါ်ကဘေထုပ်ကြီးကိုဖောက်နေတဲ့နေမင်းခန့်ကိုယ်တိုင်လည်း စိတ်ထဲမှာတထိတ်ထိတ်နဲ့ပါပဲ။

အထုပ်ကြီးကိုပတ်ထားတဲ့သွပ်နန်းကြိုးတွေကိုပလာယာနဲ့ဖြတ်‌ရင်း အထဲမှာအထည်ကောင်းတွေများမလား၊မကောင်းတဲ့အထည်တွေကများမလားရင်ခုန်ရသလို၊လူတွေမကြိုက်တဲ့အထည်ပုံစံတွေကများမလားတွေးပြီး ရင်ခုန်စိတ်လှုပ်ရှားနေရတာပါပဲ။

တင်းကျပ်နေအောင်စည်းနှောင်ထားတဲ့သွပ်နန်းကြိုးတွေကိုအားစိုက်ဖြတ်ရင်း ဘေးဘီကိုအကဲခတ်ကြည့်တော့ လူတွေကတော်တော်ကိုများတာ။

များဆိုအနီးအနားရွာတွေကိုပါ ဘေထုပ်ထည်ဖောက်မှာဆိုပြီး အကြောင်းကြားထားတာကိုး။ပြီးတော့ဒီတစ်ခါဖောက်မှာကရှပ်ကွက်လက်ရှည်တွေဆိုတော့လူတွေကပိုစိတ်ဝင်စားကြတာရောပါမှာပေါ့။

ရှပ်ကွက်လက်ရှည်အသစ်ကို ဆိုင်တွေမှာဝယ်ရင် တစ်သောင်းဝန်းကျင်နီးပါးတွေရှိပေမဲ့ ဘေထုပ်ကတော့ တစ်သောင်းဖိုးကိုသုံးထည်လောက်ရတာကိုး။

တောထဲမှာအလုပ်လုပ်ရင်းဝတ်ရင်လည်းအကြမ်းကခံသေး။ရွေးတတ်တဲ့သူဆိုရင်ချည်သားကောင်းကောင်းတွေရတတ်တာမို့ဝတ်လို့လည်းကောင်းသေး။ဒါ့ကြောင့်ပဲဒီနေ့ကလူပိုများနေတာဖြစ်မှာ။

လူ‌တွေများရင် နေမင်းခန့်တို့မနားရတော့ပါဘူး။ဈေးဆိုင်ကိုပါပိတ်ထားရတော့တာ။အထည်ရွေးတဲ့သူတွေကိုစောင့်ကြည့်ရ၊ဈေးဖြတ်ပေးရ၊ဈေးလျှော့သင့်တာလျှော့ပေးရနဲ့ အလုပ်‌တွေများကြတော့တာ။

အရင်တုန်းကဆိုရင်တော့ ဘေထုပ်ထည်ကိုကိုယ့်ဘာသာကိုယ်ဖောက်ပြီး ကောင်းတာလေးတွေကိုအရင်ရွေးထားလိုက်တာ။ပြီးမှရေလျှော်မီးပူတိုက်ပြီးဈေးကောင်းရအောင်ရောင်းပေမဲ့ အခုတော့မောင်ကအဲလိုမလုပ်ပါနဲ့တဲ့။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now