💕 - 8

1.2K 50 1
                                    

✍️ Unicode

အိပ်စက်ဖို့ပြင်နေတဲ့ နေလုံးနီနီဟာ အနောက်တောင်တန်းတွေပေါ်မှာဆော့ကစားရင်း နေမင်းခန့်တို့စီးလာတဲ့ကားနောက်ကိုအပြေးလိုက်လာနေတယ်။

ကားပြတင်းပေါက်ကနေမြင်နေရတဲ့မြင်ကွင်းတွေကလည်း နေလုံးကြီးနဲ့အပြိုင်တရိပ်ရိပ်ပြေးလွှားရင်းဆော့ကစားလို့နေကြတယ်။

ဘယ်အရာပဲဖြစ်ဖြစ် မြင်မြင်ရသမျှကနေမင်းခန့်အတွက်တော့လှပလို့နေကြတာပါပဲ။မျက်စိတဆုံးမြင်နေရတဲ့ မြင်ကွင်းတွေကိုကြည့်ရင်း နေမင်းခန့်ပျော်နေမိပြန်တယ်။

မောင်နဲ့တွေ့ရတော့မယ်မဟုတ်လား။ဒါတင်မကသေးဘူး။ဒီတစ်ခေါက်ဈေးဝယ်သွားတာဘယ်လိုအလွဲအချော်မျိုးမှမဖြစ်ခဲ့ဘူး။

ဘိုးညီရဲ့မိတ်ဆွေကအစစအရာရာကူညီရုံတင်မကဘူး။ဘိုးညီကိုယ်တိုင်ပါဈေးထဲလိုက်ဝယ်ပေးလို့နေမှာပေါ့။ဒီတစ်ခါတော့လွဲချော်မှုတွေကနေမင်းခန့်ဆီရောက်မလာခဲ့ကြဘူး။

ဘိုးညီကတိကျတယ်။လိုအပ်မယ်ထင်တာတွေကိုစာရင်းလုပ်လာခဲ့တယ်။ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဆီ၊ဆား၊ငပိ၊သွားတိုက်တံ၊သွားတိုက်ဆေး၊ဆပ်ပြာကအစဖိနပ်အထိအစုံအစိပဲ။

မြတမာရွာမှာနေတာကြာလာပြီဆိုတော့ ရွာသူရွာသားတွေက ဘာတွေသုံးကြတယ်၊ဘာတွေလိုအပ်ကြတယ်ဆိုတာ အကုန်သိနေတော့တာကိုး။ဒီတော့ ဒီဟာလည်းဝယ်၊ဟိုဟာလည်းယူနဲ့ တော်တော့်ကိုစုံသွားတော့တာ။

ပြီးတော့ကံကောင်းတာတစ်ခုက နေမင်းခန့်တို့ မန္တလေးကိုရောက်နေတဲ့အချိန်မှာ ဆင်းကဒ်ဈေးကတစ်ကဒ်ကိုငါးသိန်းဖြစ်သွားတယ်။နေမင်းခန့်ကငါးသိန်းကိုနှမြောလို့ အင်တင်တင်ဖြစ်နေပေမဲ့ ဘိုညီကဝယ်ရမတဲ့။

ပိုက်ဆံမလောက်ရင်သူ့မိတ်ဆွေဆီကချေးပြီးဝယ်တဲ့။ဖုန်းတစ်လုံးရှိရင် နောက်တစ်ကြိမ်မြို့ကိုဈေးမှာချင်တဲ့အခါလွယ်တယ်တဲ့။ဘိုးညီပြောတာသဘာဝကျတာနဲ့ပဲဆင်းကဒ်တစ်ကဒ်နဲ့အထိုင်ဖုန်းတစ်လုံးဝယ်လိုက်ရတယ်။

ဟုတ်တော့လည်းဟုတ်တယ်။ရောင်းရမဲ့ပစ္စည်းတွေကုန်သွားလိုက် မြို့တက်လိုက်ဆိုရင်တော့ သွားစရိတ်စားစရိတ်နဲ့ရောင်းရတဲ့အမြတ်ကာမိမှာတောင်မဟုတ်ဘူး။

💕 မင်း ချစ်တဲ့ မောင်Tempat cerita menjadi hidup. Temukan sekarang