💕💦 - 42

434 19 0
                                    

✍️ Unicode

🪴💦 သင်္ကြန်အတက်နေ့

ညကလပြည့်ည။ထိန်ထိန်သာနေတဲ့လမင်းက ကောင်းကင်တစ်ခွင်လုံး ဝင်းဝါလို့။တစ်ရွာလုံးကိုလွှမ်းခြုံထားတဲ့ ဖွေးလွလွလရောင်အောက်မှာမြတမာဟာရှက်သွေးပိုနေတဲ့ဟန်နဲ့ငြိမ်ငြိမ်သက်သက်။

သင်္ကြန်အတက်နေ့ရဲ့နောက်ဆုံးနာရီတွေကတော့တရွေ့ရွေ့နဲ့နှုတ်ဆက်လို့ပေါ့။သင်္ကြန်အတွင်းကပျော်ခဲ့ရသမျှဟာလွမ်းစရာတွေအဖြစ်နဲ့ကျန်ခဲ့တော့မှာမလား။

အရာအားလုံးက ကျန်ခဲ့တဲ့နှစ်ဟောင်းတစ်ခုကိုနှုတ်ဆက်နေကြပြီ။ဖြစ်ပျက်တွေ့ကြုံခဲ့ရသမျှကအမှတ်တရတွေအဖြစ်နဲ့နေရစ်ခဲ့ကြပြီ။အတိတ်ကိုအတိတ်မှာပဲထားရစ်ခဲ့ရပြီ။

ဒါပေမဲ့လေပြေတွေထဲမှာတော့ မျှော်လင့်ချက်တွေ၊စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နှက်လို့။မနက်ဖြန်ဆိုရင်နှစ်သစ်ရဲ့အဦးတစ်ခုကိုအစပြုတော့မယ်မလား။ရောက်လာမဲ့နှစ်သစ်တစ်ခုကိုကြိုဆိုဖို့အတွက်စိတ်လှုပ်ရှားနေတဲ့ရနံ့တွေသင်းထုံလို့။

သင်္ကြန်မိုးပြေးဆိုတဲ့အတိုင်း ညနေကမိုးပေါက်တွေအလည်ရောက်လာကြသေးတာ။မိုးရေဖြန်းလိုက်တဲ့အခါ သင်္ကြန်အတက်နေ့မြတမာညဟာအေးမြလို့။တစ်ချက်တစ်ချက်ဖြတ်ပြေးသွားတဲ့လေပြေတွေကြားမှာအေးစိမ့်စိမ့်အငွေ့အသက်‌တွေတောင်ပါနေလိုက်သေး။

မိုးပြေးနဲ့အတူပါလာတဲ့ မိုးစက်နဲ့ထိတွေ့တဲ့အခါ နေမင်းခန့်တို့အိမ်ရှ့ပိတောက်ပင်ကြီးက ပိတောက်ဖူးတွေက အလန့်တကြားထပွင့်ကြပါလေရော။ဒါ့ကြောင့်ပဲထူးထူးခြားခြားဒီနေ့ညမှ ပိတောက်နံ့တွေကမွှေးကြိုင်လို့။

ပိတောက်ပင်အောက်က ဇာတ်ခုံကတော့ ဆလိုက်မီးတွေအောက်မှာရုပ်လုံးကြွလို့။ပွဲကြည့်ရောက်နေတဲ့သူတွေအားလုံးကတော့ ကနေတဲ့ယိမ်းသမတွေနဲ့အတူ ငြိမ်သက်စီးမျောလို့။

ဆရာဝန်မလေးနဲ့ယိမ်းအဖွဲ့တွေကလည်း သင်္ကြန်တီးလုံးနဲ့လိုက်ဖက်အောင်နွဲ့နွဲ့နှောင်းနှောင်းကလို့။အမြဲတမ်းဘိုသီဘတ်သီနဲ့နေတတ်တဲ့ဆရာဝန်မလေးကဒီနေ့ညတော့မြန်မာဝတ်စုံသပ်သပ်ရပ်ရပ်လေးနဲ့။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now