💕💦 - 41

409 18 0
                                    

✍️ Unicode

🪴💦 သင်္ကြန်အကြတ်နေ့

နေမင်းခန့်အိပ်ရာကနိုးလာတော့ မောင်ကအနားမှာမရှိတော့ဘူး။ဆွမ်းချိုင့်တွေပြင်ပေးဖို့စောစာထသွားတာနေမှာ။ညတုန်းကလည်း ကလေးတွေနဲ့ချက်ပြုတ်နေတာအကြာကြီး။ဒီနေ့က ရွာထဲကသက်ကြီးရွယ်အိုတွေကိုဆွမ်းပို့ရမှာကိုး။

ဘယ်လောက်တောင်ညဥ့်နက်တဲ့အထိချက်ပြုတ်‌နေကြသလဲမသိဘူး။မောင်လာအိပ်တာတောင်နေမင်းခန့်မသိလိုက်ဘူး။နေမင်းခန့်ကလည်းထန်းရေမူးတာရော၊မဏ္ဍပ်မှာကတာရော မောမောနဲ့အိပ်ပျော်သွားတော့တာကိုး။

အိပ်ရာကထ၊မျက်နှာသစ်၊အဝတ်အစားလဲပြီးအောက်ထပ်ကိုဆင်းလာတော့ ခြံဝင်းထဲမှာနေခြည်နုနုကဆော့ကစားလို့ကောင်းနေတုန်း။ဒီနေ့မဏ္ဍပ်မှာကြာဆံဟင်းခါးကျွေးဖို့ချက်ပြုတ်နေကြတဲ့အရီးထွေးညိုတို့အဖွဲ့တွေလည်းအလုပ်ရှုပ်နေကြတုန်း။

သင်္ကြန်ရနံ့တွေပါတဲ့လေပြေကိုတဝရှုရှိုက်လိုက်ရတဲ့အခါ နေမင်းခန့်တစ်ကိုယ်လုံးလန်းဆန်းပေါ့ပါးသွက်လက်လို့။မဏ္ဍပ်ကနေသင်္ကြန်သီချင်းတွေမဖွင့်သေးတာမို့ တိတ်ဆိတ်နေဆဲမနက်ခင်းကအရသာရှိလိုက်တာ။

ပိတောက်ပင်မှာပိတောက်ဖူးတွေရှိနေပေမဲ့ ဒီနေ့တော့မပွင့်ကြဘူး။ဒါပေမဲ့တောထဲကပိတောက်ပင်တွေပွင့်ကြတယ်ထင်ပါရဲ့။တစ်ချက်တစ်ချက်ဝေ့ခနဲရောက်လာတဲ့လေပြေထဲမှာပိတောက်နံ့လေးတွေခပ်သင်းသင်းနဲ့။

" အစ်ကိုလေးရေ… ကြာဆံဟင်းခါးသောက်လို့ရပြီ… "

ကြာဆံဟင်းခါးတွေထည့်ထားတဲ့ ချိုင့်ပုံးနဲ့အေးသီနောက်ကနေထမင်းစားခန်းထဲလိုက်သွားတော့ မောင်ကဆွမ်းချိုင့်တွေပြင်လို့။မြတမာရဲ့အလေ့အထက သင်္ကြန်ဆိုရင်သင်္ကြန်အကြတ်နေ့နဲ့နှစ်ဆန်းတစ်ရက်နေ့ ဆွမ်းကိုနှစ်ရက်ခွဲပို့ကြတာ။

တချို့ကလည်းနှစ်ရက်လုံးပို့ကြ၊တချို့ကတော့နှစ်ရက်ထဲကတစ်ရက်မှာပို့ကြတာပေါ့လေ။မောင်ကတော့သင်္ကြန်အကြတ်နေ့မှာပို့နေကြ။နှစ်ဆန်းတစ်ရက်နေ့ရောက်ရင်တော့ဘုန်းကြီးကျောင်းကိုတရားနာသွားရင်းပဲပို့တော့တာ။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now