💕 - 5

1.3K 51 2
                                    

✍️ Unicode

ဒီနေ့ကဘုရားပွဲနောက်ဆုံးည။ကောင်းကင်မှာလမင်းကြီးကထိန်ထိန်သာလို့နေတယ်။ဖြာကျလာတဲ့လရောင်ကမှိန်တုတ်တုတ်မီးသီးရဲ့အလင်းရောင်တွေကြားထဲကိုအတင်းတိုးခွေ့လိုဝင်တယ်။လျှပ်စစ်မီးရောင်နဲ့လရောင်ဝါတို့စီးချင်းထိုးကြတဲ့ညပေါ့။

တချို့ဆိုင်ကလေးတွေသိမ်းကြပြီ။မနက်ဖြန်ပြန်ကြရတော့မယ်မလား။နေမင်းခန့်တို့လည်းနောက်တစ်ပွဲကူးကြရုံပေါ့။ကူးစရာပွဲမရှိသေးဘူးဆိုရင်လည်းရောက်တဲ့အရပ်မှာစတည်းချရင်းပွဲစနည်းနာရမှပေါ့။ဒါကဆယ့်နှစ်ပွဲဈေးသည်တွေရဲ့အလုပ်ပဲဟာ။

မိုးကာကာပြီးမိုးကာမိုးထားတဲ့နေမင်းခန့်တို့ဆိုင်ကလေးထဲကိုလရောင်ကအတင်းထိုးဖောက်ပြီးဝင်ရောက်နေတယ်။ဝါကျင့်ကျင့်မီးသီးကိုပိတ်ထားလိုက်ပြီမို့ စီးချင်းထိုးစရာမရှိတော့တဲ့လရောင်ဟာ သူတစ်ကိုယ်တည်းလင်းလင်းချင်းချင်းမင်းမူလို့နေနိုင်တာပေါ့။

ပွဲခင်းဆီကထွက်လာတဲ့ဆိုင်းသံဗုံသံတွေကြောင့်ထင်ပါရဲ့။မောင်ကမအိပ်သေးဘူး။နေမင်းခန့်တို့သားအဖရဲ့အဝတ်အစားတွေကိုသပ်သပ်ရပ်ရပ်ခေါက်ပြီးကျွတ်ကျွတ်အိတ်တစ်လုံးထဲကိုစုထည့်နေတယ်။

" နေမင်းခန့်…… "

ရုတ်တရက်မောင့်ဆီကနေခေါ်သံထွက်လာတယ်။

" ပြောလေ မောင်……."

" ဒီနားကိုခဏလာဦး……."

နေမင်းခန့်ရင်ထဲမှာဒိတ်ခနဲခုန်သွားတယ်။ဘာတွေများဆူဦးမှာလဲလို့ပေါ့။ဆူဖို့မဟုတ်ဘုးဆိုရင်တော့ အတူတူအိပ်ဖို့များခေါ်တာလားပေါ့။တဆတ်ဆတ်နဲ့ခုန်နေတဲ့ရင်ကိုထိန်းမရဘူး။သားနဲ့သမီးကလည်းအိပ်နေကြပြီလေ။ဆူဖို့မဟုတ်ရင်ဟိုဟာပဲပေါ့။

ကိုယ့်အတွေးနဲ့ကိုယ်အသာပြုံးရင်မောင့်အနားကိုသွားထိုင်လိုက်တယ်။နေမင်းခန့်မှာသာရင်ခုန်နေရတာ မောင်ကတော့အေးအေးဆေးဆေးပါပဲ။အဝတ်တွေခေါက်နေတာမပျက်ပါဘူး။

" မောင် ဘာပြောမလို့လဲဟင်…… "

နေမင်းခန့်မှာတော့အသံတွေတောင်တုန်ချင်နေတာကို မောင်ကလှည့်မကြည့်ဘဲ ခဏစောင့်တဲ့။စောင့်ဆိုလည်းစောင့်ရုံပေါ့။ဒီလိုအခွင့်အရေးမျိုးကရခဲပါဘိနဲ့။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now