ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

369 53 0
                                    

Chapter 3 Sweet
December 19, 2023
Chapter 3

လွန်စွာတိုးညှင်းသောအသံဖြင့် အားကျန့်က ထိုတစ်ခွန်းတည်းကိုသာ ပြောလာခဲ့သည်။ ထိုလူရမ်းကားအား တိတ်တဆိတ်‌မော့ကြည့်ပြီး ခေါင်းကိုပြန်ငုံ့ကာ သူ့ရဲ့လက်သမားအလုပ်အား ပြန်လည်လုပ်ကိုင်နေသဖြင့် သူ့ရဲ့ တိတ်ဆိတ်နေသော ‌မျက်နှာတစ်ခြမ်းကိုသာ မြင်နေရပေသည်။

ဆယ်စက္ကန့်မျှကုန်ဆုံးသွားသည့်အခါ၊ ရွှီလော့ယန်က ချီချန်အန်းရဲ့ရောင်ဝါမှာ တစ်ဖန်ပြောင်းလဲသွားကြောင်းသတိထားမိလိုက်သည်။ တိုက်စားတတ်သည့် ရေမည်းများပြည့်နေသည့် ကန်တစ်ကန်အလား၊ သူ့ပင်ကိုယ်မျက်ခုံးတို့မှာ ဓားတစ်ချောင်း၏ချွန်မြနေသည့် အဆုံးကဲ့သို့ပင်။ ယင်းက သူ့နှလုံးသားအား တင်းကြပ်သွားစေသည်။

ဇာတ်ညွှန်းနောက်တစ်ခန်းအား ပြောင်းလဲသွားပြီမှန်း သူခန့်မှန်းမိလိုက်သည်။

"အံ့ဩသွားလား"

ချီချန်အန်း၊ မဟုတ်ဘူး...!

အားကျန့်က ချင်းချောင်အား ကြည့်နေသည်။ သူ့နှုတ်ခမ်းထောင့်မှ အပြုံးတို့တွင် လှောင်ရယ်မှုတို့ ရောယှက်လျက်ရှိနေသည်။

"ဟုတ်တယ်" ဟူသည့် စကားအား မျိုချကာ ရွှီလော့ယန်လဲ ဇာတ်လမ်းထဲသို့ စိတ်နှစ်လိုက်တော့သည်။

ချင်းချောင်၏အသံမှာ အက်ပွဲနေပြီး၊ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားကာ သူ့ခံစားချက်များအား ဖြေလျော့ရန် စားပေါ်ပေါ်သို့ နှစ်ကြိမ်မျှထိုးချလိုက်သည်။ သို့သော်လည်း သူက စိတ်မတည်ငြိမ်သေးဘဲ သူ့အသံအား ခပ်ရမ်းရမ်းပင် မြှင့်လိုက်သည်။

"ငါက အံ့ဩလို့မရဘူးလား မင်းက ငါ့ရဲ့ညီအကိုလေ ငါတို့တွေ အတူတူကြီးပြင်းလာရတာ စောက်ကျိုးနည်း မင်းကဘယ်လိုလုပ်ပြီး...."

"လူသတ်သမားတစ်ယောက်..." အားကျန့်က သူ့စကားအား ဆက်ပြောပေးလိုက်သည်။

တည်ငြိမ်သည့်အသံဖြင့်ပင် ချင်းချောင်ပြောမထွက်နိုင်သည့်စကားလုံးအားပြောကာ ထရပ်လိုက်သည်။

ရွှီလော့ယန်မသိစိတ်မှ နောက်သို့ခြေတစ်လှမ်းဆုတ်မိသွားရသည်။ အခုချိန်တွင် သူ့နောက်ကျောက ကြက်သီးများထနေသည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now