chapter 52

106 23 0
                                    

🍬Chapter 52

------------

ရွှီလော့ရန်က သူ့ရဲ့ကျောဘက်ကို စင်ပေါ်မှာလှဲချလိုက်ပြီး သူ့ကိုယ်သူ အလွန်အကျွံအားထုတ်လိုက်မှုကြောင့် ခန္တာကိုယ်တစ်ခုလုံးနာကျင်ပြီးလေးလံနေသည်။

လှဲနေရင်းဖြင့် ခြေထောက်တစ်ဖက်ကို အသာအယာကွေးလိုက်ကာ မိုက်ခရိုဖုန်းကို နှုတ်ခမ်းနားကပ်ပြီး မောဟိုက်နေပေမဲ့ ကြည်လင်နေစဲအသံဖြင့်မေးလိုက်၏။

"မင်းတို့ဒါကိုကြိုက်ရဲ့လား"

ချန်အန်း...မင်း ကြိုက်ရဲ့လား။

ကျွန်တော်ရဲ့သီချင်းကိုကြိုက်လား။ပြီးတော့ ကျွန်တော်ကိုရောကြိုက်လား။

ပရိတ်သတ်တွေစီကနေ တုန်ခါလုမတက်အော်ဟစ်အားပေးသံတွေကြားလိုက်ရသည်။ရွှီလော့ယန်ကပြုံးလိုက်မိပြီး သူ့ရဲ့ရှေ့ဆံပင်တွေကမူ ချွေးတွေစိုကာ ကပ်နေပြီဖြစ်သည်။သူ့ပေါ့ပေါ့ပါးပါးဖြင့်ခေါင်းကိုလှုပ်ယမ်းလိုက်ပြီး ထဖို့နှစ်ကြိမ်လောက်ကြိုးစား​လိုက်ပေမဲ့ သူမထနိုင်တော့ချေ။

"သွားပြီ ကျွန်တော့ရဲ့ခွန်အားတွေအကုန် ဆုံးရှုံးသွားပုံပဲ"သူကစကားပြောလက်စကို ခတ္တရပ်လိုက်ပြီး "မက်တပ်ရပ်နိုင်ဖို့ အတွက် အနမ်းတစ်ပွင့်ရယ်၊ပွေ့ဖက်မှုနဲ့အတူ ခွန်အားတွေလိုအပ်နေပြီထင်တယ်"

စင်အောက်ကနေ ထွက်ပေါ်လာတဲ့အော်သံက စင်တစ်ခုလုံးကိုဖြိုချတော့မတတ်ဟိန်းထွက်လာသည်။

မိနစ်အနည်းငယ်လောက်ကြာသည်အထိ တုန့်ပြန်မှုကိုစောင့်ပြီးနောက် ရွှီလော့ရန်က လက်တစ်ဖက်နှင့်ခန္တာကိုယ်ကို ထိန်းပြီးထရပ်လိုက်သည်။

ခြေထောက်နှစ်ဖက်ကိုအနည်းငယ်ကွေးပြီး သက်သောင့်သက်သာရှိတဲ့အနေအထားမျိုးဖြင့် ထိုင်ချလိုက်ကာ သက်ပြင်းချရင်း"ကျွန်တော်တစ်ကယ်သီချင်းထပ်မဆိုနိုင်တော့ဘူး ၊ခဏလောက်အနားယူဖို့လိုနေပြီ"

ထိုသို့ပြောပြီးတဲ့နောက် ပိုက်ကနေတစ်ဆင့် ရေဘူးထဲကရေတစ်ဝက်လောက်ကို စုပ်သောက်လိုက်ပြီး သူ့ရဲ့မျက်လုံးတွေကမူ ချီချန်အန်းရှိရာဘက်သိူ့ ဦးတည်မကြည့်ရဲပေ။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now