chapter 61

109 24 0
                                    

🍬Chapter 61
------------

အနမ်းပေးခြင်းပညာကို နာရီဝက်ခန့် လေ့ကျင့်ပြီးသွားပြီးနောက်၊ ချီချန်အန်း ဖုန်းပြောနေစဉ်တွင်၊ ရွှီလော့ယန်က သူ့ဖုန်းကိုထုတ်ကာ သူ့ရဲ့လျှို့ဝှက်အကောင့်သို့ ဝင်၍၊ နောက်ဆုံးတင်ထားသည့် ပို့စ်ကိုပြန်ဖျက်ကာ၊ ပို့စ်အသစ်ထပ်တင်လိုက်သည်။ သူက ချန်အန်းကောကော ဟုရေးထားသည်ကို ချီချီ ဟုပြန်ပြင်လိုက်သေးသည်။

ထို့နောက် စစ်စတန်မှ အလိုအလျှောက်လာ၍ follower အဖြစ်ပေးထားသည့်သူများကို ဘလော့လိုက်ပြီးသွားမှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

ထိုလျှို့ဝှက်အကောင့်လေးထဲတွင် မည်သူ့ကိုမျှပေးမသိနိုင်သည့် သူ၏လျှို့ဝှက်ချက်လေးများစွာရှိနေသည်။ သူ့ပရိသတ်များ၏ စုံထောက်စွမ်းရည်ကို သူကလုံးဝလျှော့မတွက်ရဲပေ။ 'ချီ' နှင့် 'ရွှီ' မျိုးရိုးနာမည်များက ရှားပါးသည့်နာမည်များမဟုတ်သော်လည်း ၊ အကယ်၍ ချန်အန်းဟူသည့် နာမည်နှင့်တွဲထားလိုက်ပါက မိနစ်အနည်းငယ်အတွင်း သူမှန်းပေါ်သွားနိုင်သည်။

သို့သော် သူဖော်ထုတ်ခံလိုက်ရပါကလည်း လျှို့ဝှက်ဆန်းကြယ်ဝတ္ထုတစ်ပုဒ်အတွက် သူ့အလုပ်မှရသည့် အကြံဉာဏ်များဟု သူပြော၍ရနိုင်မည်လား။ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုမှားမယ့်ပုံတော့ မပေါ်ဘူး။

ချီချန်အန်း ‌ဖုန်းပြောပြီးသွားသည့်အခါ၊ ရွှီလော့ယန်က သူ့ဖုန်းကိုစိတ်လှုပ်ရှားနေသည့် မျက်နှာနှင့် ဖုန်းကို ဟိုဒီတို့လျက်သုံးနေတာကို မြင်လိုက်ရသည်။ သူ့မျက်နှာအမူအယာတို့ကလည်း တစ်ခုပြီးတစ်ခုပြောင်းနေလေ၏။ သို့နှင့်သူလည်း သူ့ဝေးပေါ်အကောင့်ကိုဖွင့်ကာ 'ရှီနျောင်နျောင်၏ခံစားချက်သေးသေးလေး' ကိုရှာလိုက်သည်။ 'ချန်အန်းကောကော'ကို 'ချီချီ'ဟု ပြောင်းထားကြောင်းတွေ့လိုက်ရသည်။

ရွှီလော့ယန် ဤကဲ့သို့ပြောင်းလိုက်ရသည့် အကြောင်းအရင်းကို စဉ်းစားမိသောအခါ ချီချန်အန်းမနေနိုင်စွာ ပြုံးလိုက်မိသည။

သူ့ရဲ့ နျောင်နျောင်လေးကတော့လေ...။

ရွှီလော့ယန်သူ့ဖုန်းကို ပြန်မပိတ်ခင်အထိ ရပ်စောင့်နေပြီးမှ ချီချန်အန်းက သူ့ထံသို့ လျှောက်သွားကာ "ဘာတွေလုပ်နေတာလဲ"

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now