ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

211 34 0
                                    

Chapter 21 Sweet
December 19, 2023
Chapter 21

------------

သူပြန်အိပ်ပျော်သွားပြီးနောက် ရွှီလော့ယန်တစ်ယောက် နိုးတစ်၀က်ဖြစ်လာကာ ကားပေါ်မှအဆင်းတွင် ကြောင်စီစီဖြစ်‌နေသောကြောင့် မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်သွားရသည်။ ချီချန်အန်းက ရွှီလော့ယန်၏ လက်မောင်းကို ညာလက်မှာ ကိုင်ထားပြီး ဘယ်ဘက်လက်မှာ ရှားစောင်းလက်ပတ်ပင်လေးကို ကိုင်ထားကာ တီးတိုးပြောလာသည်။

"အဆင်းခြေလမ်းတွေကိုသတိထား ဂရုစိုက်ဦး ၀က်ရုပ်လေးကိုလည်းသေချာကိုင်ထား"

လက်ထောက်ဒါရိုက်တာဖြစ်သူ ထောင်ရှောင်ထူက နားထောင်နေခဲ့ရာ ထို cp က အဝေမတည့်ဖြစ်နေသည်ဟု ခံစားနေရတာကြောင့်အကြံပြုလိုက်သည်။ 

"မင်းဘာလို့ သူအတွက်၀က်ကလေးကိုပါ မကိုင်ပေးလိုက်တာလဲ"

ရွှီလော့ယန်က လူတွေကို သတိမထားမိဟန်ဖြင့် အရုပ်ကို ချီချန်အန်းရင်ခွင်ထဲသို့ ထည့်ကာ "မဟုတ်ဘူး ရှင်းရှင်းပြောရရင် ချီချန်အန်း ဆီမှာဘဲ ပစ္စည်းတွေထားတာက အလုံခြုံဆုံးလို့ မသိစိတ်ကနေ ခံစားနေရလို့...."

ထောင်ရှောင်ထူ "…"

ငါကလည်း ဒီဝက်ရုပ်ကိုမင်းနဲ့ပြိုင်လုမနေပါဘူးကွာ..

မည်သို့ပင်ဖြစ်စေကာမူ ဤအနှောက်အယှက်ဖြစ်ပြီးနောက် ရွှီလော့ယန်နောက်ဆုံးတွင် လုံး၀နိုးသွားချေပြီ။ သူက ပါးကိုခွဖွဖွပွတ်ကာ ဘေးဘီဝဲရာကြည့်လိုက်ပြီးနောက် ချီချန်အန်းကို အံ့အားသင့်စွာ မေးလိုက်သည်။

"မင်း အရင်က ရွှင်းယွမ် ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့ကို ရောက်ဖူးလား"

သူ အပြည့်အဝ နိုးလာကြောင်း သေချာစေပြီးတဲ့နောက်မှာ ၊ ချီချန်အန်းက သူ့လက်ကို ပြန်ရုတ်လိုက်ပြီး ကူကယ်ရာမဲ့နေဟန်ဖြင့်ဆိုလာ၏။

"မင်း ခြောက်နာရီလောက် ဆက်တိုက်ကိုအိပ်ပျော်သွားတာ"

သူ့၏ အိပ်ထားသောကြောင့် ရှုပ်နေသော ဆံပင်ကို ဖြေးညှင်းစွာ ဖွလိုက်ပြီး ရွှီလော့ယန်သည် အကြောင်းပြချက်တစ်ခုရှာရန် သူ့ဦးနှောက်ကို အလုပ်ပေးနေမိသည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now