ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

177 33 0
                                    

🍬Chapter 32

------------

သူ့နှလုံးသားထဲက မကျေနပ်ချက်တွေအားလုံးချက်ချင်းဆိုသလို ပျောက်ကွယ်သွားရပြီးနောက် ရွှီလော့ယန်ရဲ့ ခန္ဓာကိုယ် ဖြည်းဖြည်းချင်း ပြေလျော့သွားရကာ နောက်ဆုံးသူ့နဖူးအား ချီချန်အန်းရဲ့ပခုံးပေါ်သို့တင်လိုက်သည်။

ဘာတွေပဲဖြစ်နေပါစေ တစ်ယောက်ယောက်ကဘေးမှာအမြဲရှိနေကာ သူ့ကိုကာကွယ်ပေးပြီးရပ်တည်ပေးလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ ဒီလိုမျိုးဖြစ်တာ ဘယ်နှစ်ခေါက်များရှိဖူးပါလိမ့် သူလုံး၀ရေတွက်နိုင်စွမ်းမရှိတော့...။

အသက်၁၇နှစ်က‌နေ အခုချိန်ထိဆိုလျှင် ရှစ်နှစ်တောင်ရှိသွားခဲ့ပြီ။ရွှီလော့ယန်ဟာ အရာအားလုံး ကိုယ့်အားကိုကိုးတာကိုတဖြည်းဖြည်းအသားကျလာခဲ့သည်။မည်သူတစ်ဦးတစ်ယောက်ကိုမှ အားမကိုးရဲပေမယ့် ယခုအချိန်တွင်တော့ ရုတ်တရတ် တစ်ခါတစ်လေမှာ အားနည်းလို့ရကြောင်းကို သဘောပေါက်လာရသည်။

"ချန်အန်းကော"

" အင်း "

ချီချန်အန်းရဲ့အသံကအတော်လေးတိုးကာ အဆုံးမရှိနိုင်တဲ့စိတ်ရှည်မှုများပါ၀င်နေသကဲ့သို့ နူးညံလွန်းလှ၏။

"ဒီအတိုင်း ခေါ်ကြည့်တာ"

ရွှီလော့ယန်ကပြောပြီး ရီမောရင်းအနောက်ကိုတစ်လှမ်းဆုတ်လိုက်ပြီး မတ်မတ်ရပ်လိုက်ကာ ‌စိုးရိမ်စွာဖြင့်" မင်းလက်အခုကောနာနေသေးလား ခေါင်းမူးနေသေးလား"

"ကိုယ်လက်လည်းနာ‌မနေသလို ခေါင်းလည်းမမူးဘူး"

ချီချန်အန်းက လက်ဗလာဖြစ်သွားတော့ ဆုံးရှူံးသွားတဲ့ခံစားချက်အားလျစ်လျူလိုက်ကာ "ကိုယ်အရင်က ကိုယ့်ကိုယ်ကိုကာကွယ်နည်းကိုသင်ဖူးတယ် စိတ်မပူနဲ့"

ရွှီလော့ယန်က ခေါင်းညိတ်ပြလိုက်ပြီး သူသရုပ်ဆောင်နေတာကို အလေးအနက်ထားပူးပေါင်းဆောင်ရွက်ပေးလိုက်သည်။

"အင်း ကျွန်တော်နားလည်တယ်"

မကောင်းဆိုးဝါးနတ်ဆိုးတစ်ကောင်ရဲ့ ခွန်အားကလူ‌တွေအရှေ့မှာပြလို့မရဘူးဆိုတော့ ကာကွယ်တဲ့းနည်းပညာလိုမျိုးနဲ့ ဖုံးထားဖို့သင့်တော်တဲ့ဆင်‌ခြေတခုရှိရမယ်လေ။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now