chapter 57

103 26 0
                                    

🍬Chapter 57

------------

ကျန်းသုန့်က နေ့လည်တစ်နာရီကျော်တဲ့အထိ အလုပ်များနေပြီးနောက် လုတိကို ခေါ်ပြီးဆေးရုံသို့ရောက်လာလေသည်။ တံခါးဖွင့်ဖွင့်ချင်းပင် အလွန်စပ်ပြင်းတဲ့ မြင်ကွင်းတစ်ခုဖြင့် တည့်တည့်တိုးချိန်မှာတော့ သည်းမခံနိုင်တော့သဖြင့် နှဖူးကိုလက်ဖြင့်ထိန်းကိုင်လိုက်ပြီး "လော့ယန် မင်းလက်ကလဲကျိုးသွားတာလား "

လော့ယန်က ချီချန်အန်း ကျွေးတဲ့ ဇွန်းအပြည့် ယာဂုတစ်ဇွန်းကို သောက်လိုက်ကာ တံခါးဝမှာ ရပ်နေတဲ့ ကျန်းသုန့်ကို ကြည့်ပြီး "ကျွန်တော်က လူနာတစ်ယောက်လေ" လို့ပြောပြီးနောက် ပန်းကန်လုံးအား တစ်ဖန်ငုံ့ကြည့်လိုက်ပြီး "ချန်းအန်း၊ ကျွန်တော်ကြာစေ့စားချင်တယ်"

ချီချန်အန်းက သဘာဝကျကျပဲ အရသာကောင်းမွန်ပုံပေါ်တဲ့ ကြာစေ့ကို ဇွန်းနဲ့ခပ်ယူလိုက်ပြီး အေးသွားသည်အထိ မှုတ်ပြီးတဲ့နောက် ရွှီလော့ယန်အား ကျွေးလိုက်၏။

ယင်းကိုမြင်တော့ ကျန်းသုန့်က မျက်ခုံးပင့်လိုက်ပြီး "မင်းတို့တွေ"

"ဟုတ်​တယ်​၊ကျွန်တော်တို့အတူရှိနေပြီ"

ရွှီလော့ယန်က ပြောဖို့ မစောင့်နိုင်တော့ချေ။

"ကျွန်တော်တို့တွဲနေကြပြီ "

ဇွန်းကို ကိုင်ထားသည့်ချီချန်အန်းကမူ သူ့ကိုအပြုံးတစ်ပွင့်နှင့်အတူငေးကြည့်နေပေသည်။

"..........."

ဒါက ပိုတောင် စပ်ဖျင်းနေသလိုပဲ။

ကုလားထိုင်နှစ်လုံးကိုယူပြီး ကုတင်ဘေးမှာချလိုက်ပြီးနောက် ကျန်းသုန့်က လုတိနဲ့အတူထိုင်လိုက်ပြီး ရွှီလော့ယန်ရဲ့ မျက်နှာကို သေချာကြည့်ကာ " မင်းတစ်ကယ် အဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ်၊ ကျွန်တော့ခေါင်းက နည်းနည်းလေးနေသေးပေမယ့် မီတာ ၅၀၀၀ အပြေးပြိုင်ခိုင်းရင်တောင် ဘာပြဿနာမှရှိမှာမဟုတ်ဘူး"

ရွှီလော့ယန်က ထိုသို့ပြောနေရင်းဖြင့် ချီချန်အန်းကျွေးနေတာကို အနှောက်အယှက်မဖြစ်သလိုစားနေတုန်းဖြစ်သည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now