chapter 56

110 26 0
                                    

🍬Chapter 56

------------

နမ်းရတာက ခံစားလို့ကောင်းတဲ့အရာတစ်ခုဆိုတာကို ရွှီလော့ယန်အခုအချိန်မတိုင်ခင်အထိ သတိမထားမိခဲ့ချေ။

နမ်းနေတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်ထဲက အာရုံကြောတွေ အကုန်လုံး နိုးထလာသလိုခံစားနေရသည်။ ချီချန်အန်းရဲ့လက်အစုံက သူ့ခါးကို ဖက်တွယ်ထားပြီး၊ သူ့ရဲ့အနွေးဓာတ်နှင့်အသက်ရှူသံက သူ့ခန္ဓာကိုယ်တစ်ဝိုက် ဖုံးလွှမ်းနေလေသည်။ သူ့အရေပြားနဲ့ စိုစွတ်နူးညံ့တဲ့ နှုတ်ခမ်းပါးများဆီသို့ ရိုက်ခက်နေတဲ့ ပူနွေးသည့် ဝင်သက်ထွက်သက်ကိုပင် သူခံစားနိုင်နေပေသည်။ ယခုသူခံစားနေရတဲ့ ဆက်တိုက်ဆိုသလိုတုန်လှုပ်နေတဲ့ ခံစားချက်က လျှပ်စစ်ဖြင့်ထိတွေ့လိုက်မိသလိုဖြစ်နေပြီး တစ်စက္ကန့်အတွင်းမှာပဲ သူ့ရဲ့ ခန္တာကိုယ်မှာရှိတဲ့ အာရုံကြောတိုင်း တုန်လှုပ်သွားသလိုခံစားလိုက်ရသည်။

အနမ်းက တိုတိုလေးနှင့်မနက်ရှိုင်းပေမယ့်လည်း နှစ်ယောက်စလုံးကို ရင်သပ်ရှုမောဖြစ်သွားစေသည်။ ချီချန်အန်းက သူ့နှုတ်ခမ်းတွေကို လွှတ်လိုက်ပြီဖြစ်ကြောင်း ရွှီလော့ယန်က သိလိုက်ရတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်က သူတုံ့ပြန်မတုံ့ပြန်နိုင်သေးခင်မှာပဲ သူ့အလိုလိုလှုပ်ရှားလာပြီး ချန်အန်းရဲ့လည်ပင်းကို လက်နှစ်ဖက်နဲ့ ရစ်ပတ်ထားလိုက်မိသည်။

ထိုလုပ်ရပ်ရဲ့စိတ်အားထက်သန်မှုနှင့် သူအသုံးပြုခဲ့တဲ့ ခွန်အားများသွားတာကြောင့် သူတို့ရဲ့သွားတွေ တစ်ခုနှင့်တစ်ခု တိုက်ရိုက်ထိတွေ့သွားကာ နာကျင်မှုကိုပင်ခံစားလိုက်ရသော်လည်း စိုးရိမ်ရလောက်တဲ့အထိတော့ မဟုတ်ပေ။ ရွှီလော့ယန် မျက်လုံးကိုတစ်ဝက်လောက်ဖွင့်လိုက်ပြီး သူ့အပေါ်နှုတ်ခမ်းကို ဂရုတစိုက်ပွတ်တိုက်နေရင်း မျက်ဝန်းအစုံက မင်ရောင်လိုမဲနက်နေတဲ့ ချီချန်အန်းကိုကြည့်လိုက်မိသည်...။

မသွားပါနဲ့။

ချီချန်အန်းထံက တုန့်ပြန်မှုတစ်စုံတစ်ရာမှ မပြလာပေ။

ရွှီလော့ယန် စိတ်တိုနေသော်လည်း စာတွေ့ဗဟုသုတသာ လုံလုံလောက်လောက်ရှိပြီး လက်တွေ့အတွေ့အကြုံနည်းပါးသော အပြစ်ကင်းတဲ့ လူငယ်တစ်ယောက်အနေဖြင့် သူ့လျှာကို အနည်းငယ်ရှေ့သို့ဆန့်ထုတ်လိုက်ပြီး ချီချန်အန်းရဲ့နှုတ်ခမ်းကို လျက်လိုက်ကာ အကြည်ရောင်အမျှင်တန်းလေး ဖြစ်ပေါ်စေရုံကလွဲပြီး ပိုကောင်းအောင်လုပ်နိုင်တာမရှိတော့ချေ။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now