chapter 54

104 25 0
                                    

🍬Chapter 54

------------

ချီးချန်အန်းရဲ့ လက်ချောင်းထိပ်တွေက 'ရွှီနျောင်နျောင်ရဲ့ စိတ်ခံစားချက်လေး' ဆိုတဲ့ စကားလုံးများပေါ်တွင် ဝေ့ဝဲနေသော်လည်း အချိန်အတော်ကြာပြီးနောက်မှာ ၎င်းကို မနှိပ်လိုက်ဘဲသူ့အကောင့်ကို ဝင်ရောက်ရန်ကိုသာရွေးချယ်လိုက်သည်။

ထို့နောက်မှာတော့ သူက သူ့ရဲ့ weibo အကောင့်မှာ ဆက်တိုက်ဆိုသလိုပဲ update နှစ်ခုတင်လိုက်သည်-

"ချီချန်အန်း- လူတိုင်းက သူတို့ရဲ့ လိမ်ညာမှုတွေအတွက် ပြန်ပေးဆပ်ရလိမ့်မယ်"

ပို့စ်ကိုတင်ပြီးတဲ့နောက်၊ချီချန်အန်း နောက်ထပ် စကားလုံး (၇) လုံးကို လေးနက်စွာ ရိုက်ထည့်ခြင်းမပြုမီ တစ်မိနစ်ခန့် အချိန်ယူလိုက်ရသည်။

သူ သေသေချာချာ စေ့စေ့စပ်စပ်တွေးတောပြီးမှ ပို့စ်ကိုတင်လိုက်သည်။ ယခုအခြေအနေမှာ၊ တစ်ဖက်မှလူက လူသားဆန်မှုဆိုတဲ့ အထောက်အထားကိုအသုံးပြုပြီး သူ့ကိုဆွဲချနိုင်ဖို့အတွက် ထိုသတင်းများကို ဖြန့်နေသဖြင့် ထိုသတင်းများက ရွှီလော့ယန်ကို ဖုံးအုပ်ကာ တဖြည်းဖြည်းတင်းကျပ်လာသည်။ ခိုင်လုံသောသက်သေမပြနိုင်မချင်းရွှီလော့ယန်ရဲ့ အဖွဲ့က ၎င်းတို့၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းဖြစ်စေရန် ရှေ့နေစာတစ်စောင်ကိုပေးပို့ရုံမှလွဲ၍ လောလောဆယ်တွင် နှုတ်ဆိတ်နေရပေသည်၊ မဟုတ်ပါက မည်သည့်စကားလုံးများကိုမဆို ရှုတ်ချရန်အသုံးပြုသည့် အမည်းရောင်အမှတ်အသားအဖြစ် ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။

သို့သော် တစ်ချိန်တည်းမှာပင်၊ တစ်စုံတစ်ယောက်က ရွှီလော့ယန်ကို ထောက်ခံနေသေးသောသူများ အလွယ်တကူ မတုန်လှုပ်သွား​စေရန် ပြတ်ပြတ်သားသားဖြင့် ရှေ့သို့ ထွက်လာရန် လိုအပ်ပေသည်။

ထို့ကြောင့် သူ့ရဲ့ ပို့စ်နှစ်ခုလုံးကို အပ်ဒိတ်လုပ်ပြီးနောက်၊ ချီချန်အန်းက လူထုရဲ့ တုံ့ပြန်ချက်ကို စစ်ဆေးရန် မှတ်ချက်တွေကို စိတ်ရှည်စွာ ဖတ်လိုက်သည်။

"-မျက်ရည်တွေဝဲနေပြီလို့၊ နောက်ဆုံးတော့ Mr.ချီ စီက updateရခဲ့ပြီ၊ ဝူးဝူး ၊ ငါ ထပ်ပြီး ငိုနေပါပြီ!"

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now