ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

250 42 0
                                    

🍬Chapter 35

------------

ဒါရိုက်တာကျန်းက ရယ်ကာ " ကောင်းပြီ ကောင်းပြီ ငါ့မှာ တကယ်ပဲ မိစ္တာအာဏာစက်ကွင်းရှိတယ်ဆိုတာ ငါဝန်ခံတယ်"

လွန်ခဲ့သည့်နှစ်လအတောအတွင်း၊ ရွှေထင်းရှုးဆုပေးပွဲအခမ်းအနားသို့သွားရောက်သည့် သုံးရက်မှလွဲ၊ ရွှီလော့ယန်နှင့် ချီချန်အန်းတို့က ဆယ်ရက်သာ ခွင့်ယူခဲ့ရသည်။ ကျန်သည့်အချိန်များတွင် သူတို့က နေ့ရော၊ညပါ ရိုက်ကူးရေးလုပ်နေခဲ့ရသည်။ သူက ရုပ်ရှင်နှင့်ပတ်သက်၍ တောင်းဆိုမှုက များပြားလှပြီး တစ်ခုခုမမှန်သည်နှင့် ပြန်လည်ရိုက်ကူးခိုင်းလေ့ရှိသည်။ သူတို့နှစ်ယောက်စလုံးက သူနှင့်အတူ ရိုက်ကူးရေးအား တစ်ချက်လေးပင် အထွန့်မတက်ဘဲ ပြီးစီးအောင်ရိုက်ကူးပေးခဲ့ကြ၏။

"ကိုယ့်ကိုယ်ကိုသိတာ ကောင်းတာပေါ့"

ဗိုက်ပြည့်သွားသည့် ရွှီလော့ယန်က ချီချန်အန်းအပေါ် ပျင်းရိစွာမှီလိုက်ပြီး "ဒါပေမယ့် ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲဟင် ဒါရိုက်တာကကျွန်တော့ကို စိတ်လှုပ်ရှားအောင် လုပ်နေတာပဲ"

"အခွင့်အရေးတစ်ခုရှိတယ်" ဒါရိုက်တာကျန်းက ကွေ့ဝိုက်မနေတော့ပေ။

"ဒါရိုက်တာချူးဝေ့က 'အနည်းငယ်အေးစက်၏'ဆိုတဲ့ သမိုင်းရုပ်ရှင်တစ်ခုကို ရိုက်နေတာ မင်းတို့သိကြတယ်မို့လား"

ရွှီလော့ယန်က အရင်ဆုံးချီချန်အန်းထံလှမ်းကြည့်ပြီးမှ ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်"

ချူးဝေ့မှာ နံပါတ်တစ်ဒါရိုက်တာဖြစ်ပြီး နိုင်ငံတွင်းသာမက၊ နိုင်ငံပြင်ပ၌ပါ ကျယ်ကျယ်ပြန့်ပြန့်အသိအမှတ်ပြုခံရသည်။ သုက ချီချန်အန်းအား ရှာတွေ့ခဲ့သည့်လူလည်းဖြစ်သည်။ ပြောကြသည်မှာ ထိုအချိန်က စီးပွားရေးပညာအားလေ့လာနေသည့် ချီချန်အန်းအား ချူးဝေ့က မတော်တဆ တွေ့ရှိကာ လူရွေးပွဲသို့  ‌ဖိတ်ခေါ်၍ရလိုက်သည်။ ထို့နောက် သူက ချီချန်အန်းအားရွေးရန် ချက်ချင်းဆုံးဖြတ်လိုက်သည်။

ထို့အပြင် ချီချန်အန်းကလည်း သူ့အား စိတ်မပျက်စေခဲ့ပေ။ 'နှင်းမုန်တိုင်း' နှင့် 'နောက်ဆုံးသောအမဲလိုက်သူ' ရုပ်ရှင်နှစ်ကား၌ သူတို့နှစ်ယောက်က အတူတူလက်တွဲလုပ်ဆောင်ခဲ့ကြပြီး ရုပ်ရှင်နှစ်ကားလုံးက ရုပ်ရှင်ပွဲတော်များမှ အနိုင်ဆုများအား သိမ်းကြုံးယူဆောင်သွားနိုင်ခဲ့၏။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now