chapter 51

125 28 0
                                    

🍬Chapter 51

------------

စတုဂံပုံံသတ္တုcaseရဲ့အတွင်းမှာ ငွေသတ္တုဖြင့်လုပ်ထားတဲ့ အကြီးနှင့်အသေးမိုက်ခရိုဖုန်းနှစ်ခုပါပြီး ၄င်းတို့အပေါ်ကငွေမှုန်လေးတွေကအလင်းထဲမှာတောက်ပနေကာ ကြယ်လေးတွေကိုပိုင်ဆိုင်တဲ့စကြာ၀ဠာကြီးတစ်ခုလိုမျိုး မျက်စိကျိန်းလောက်အောင် လှပစွာတောက်ပနေလေသည်။မိုက်ခရိုဖုန်းရဲ့အလယ်နားလေးမှာ အရောင်ဖျော့တဲ့သစ်သားပိုင်းစလေးမြုပ်ထားပြီး ထိုအပေါ်မှာ ​ရှေးဟောင်းတရုတ်စာဖြင့် ''လော့ယန်''ဆိုပြီးတောင်ထွင်းထားသေးသည်။

လက်ရေးလက်သားက ကြည့်ရတာရင်းနှီးနေပြီး သေချာပေါက်ပဲ သစ်သားတူလေးတွေပေါ်ကလက်ရေးနှင့်တစ်ထပ်တည်းဖြစ်ပေသည်။

ဘူးထဲမှာရှိနေတဲ့ မိုက်ခရိုဖုန်းတွေကိုကြည့်ပြီး၊လုတိတစ်ယောက် ''ဒါ....ဒါတွေက ဒဏ္ဏာရီဆန်တယ်လို့ပြောကြတဲ့ Sennheiserမိုက်ခရိုဖုန်းတွေပဲ” ဟုဆိုကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စကားတွေပါရှင်းရှင်းလင်းလင်းမပြောနိုင်တော့ဘဲ ကျန်းသုန့်အားကြည့်ကာ ''ကျန့်ကော ဒီရတနာတစ်စုံရဲ့တန်ဖိုးက ဘယ်လောက်တောင်မှလဲ” ဟုသာ အားနည်းစွာမေးလိုက်မိသည်။

ကျန်းသုန့်က သူ့ဘေးနားမှာရှိတဲ့ စက်ကိရိယာတွေအတွက် လမ်းညွှန်စာအုပ်ကို အမှတ်တမဲ့ငေးရင်း " မိုက်ခရိုဖုန်းတစ်ခုထဲဆိုရင်တော့ ၇သိန်းကျော်လောက်၊ ဒါပေမဲ့ တစ်စုံလုံးဆိုရင်တော့ သေချာပေါက်စျေးက နှစ်မီလီယံအောက်လျော့မှာ မဟုတ်ဘူး”လို့ တွက်ချက်ရင်းဆိုလိုက်သည်။

အခုအချိန်မှာတော့ 'ဆင်းရဲမွဲတေမှုက စိတ်ကူးယဥ်တာကိုတောင်ကန့်သတ်နိုင်တယ်' ဆိုတာရဲ့အဓိပ္ပါယ်ကို လုတိတစ်ယောက် နားလည်သွားပြီဖြစ်သည်။

ရွှီလော့ယန် မိုက်ခရိုဖုန်းတစ်စုံကိုလက်ထဲမှာ ဂရုစိုက်ပြီး ကိုင်ထားလိုက်သည်။သူတို့က တော်တော်လေး လေးတယ်လို့ ဆိုနိုင်ပေမဲ့ သူ့လက်ထဲမှာကိုင်ထားရတာ သက်သောင့်သက်သာ ဖြစ်နေပေသည်။မိုက်ခရုဖုန်းကို တစ်ဖတ်မှတစ်ဖက်ကိုလှည့်နေရင်း သူတို့တွေက သူလက်ထဲမှာ အံဝင်ခွင်ကျ ဖြစ်နေရုံတင်မကဘဲ သူ့ရဲ့ပုံမှန်ကိုင်နေကြ မိုက်အရွယ်အစားနှင့်အတူတူပဲ ဖြစ်နေတာကို အံ့သြစရာကောင်းစွာပဲတွေ့လိုက်ရသည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now