ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

227 38 0
                                    

Chapter 11 Sweet
December 19, 2023
Chapter 11

ရွှီလော့ယန်က လက်မကိုလှုပ်ရှားလိုက်ပြီး ချီချန်အန်းရဲ့နောက်ဆုံးတင်ထားသည့်ပိုစ့်ကို ပွတ်ဆွဲလိုက်ကာ likeလုပ်လိုက်သည်။

သူနည်းနည်းတော့အံအားသင့်သွားရတာကြောင့် မထိန်းနိုင်တော့ဘဲ မေးလိုက်မိသည်။

"ခင်ဗျားလည်း fan groupထဲသွားချောင်းထားတာလား မဟုတ်ဘူး သွားပြီးတော့ကြည့်ထားတာလား"

ခေါင်းခါပြပြီးနောက် ချီချန်အန်းက တည်ငြိမ်စွာဖြင့်ပြန်မေးလိုက်သည်။

"မင်း အဲ့ထဲမှာရှိနေတာလား"

"ကျွန်တော်လား..."

သေစမ်း ထောင်ချောက်ထဲကျတော့မလို့...၊

ရွှီလော့ယန်က သူ့စကားကို အထစ်အငေါ့မရှိအောင်ပြောင်းလိုက်ကာ ပြန်ဖြေလိုက်သည်။

"သေချာပေါက်မဟုတ်ဘူးပေါ့ ကျွန်တော်က ဒီအတိုင်းသိချင်လို့ပါ 'သကြား'ဆိုတဲ့စကားလုံးကို ခင်ဗျားဘယ်နေရာကနေများ သိလာတာလဲလို့"

"ကိုယ့် ပရိတ်သတ်တွေဆီကနေသိတာလေ"

ချီချန်အန်းက သူ့ရဲ့အလိမ်အညာလေးကို မဖော်ချင်တာကြောင့် သူရဲ့လတ်တလောweiboပိုစ့်ရဲ့commentနေရာကိုနှိပ်ပြီးတော့ ရွှီလော့ယန်အားပြလိုက်သည်။

"သူတို့ကအမြဲတမ်း အချိုပေးပါလို့တောင်းနေကြတာလေ ဓာတ်ပုံကောဘယ်မှာလဲတို့ ချန်အန်းလော့ယန်cpတူတူရှိဖို့ကြိုးစားကြစို့တို့ ဆိုတာတွေလေ ဖတ်လေဖတ်လေ နားလည်လာလေလေပဲ"

"ဟုတ်ပြီလေ"

ရွှီလော့ယန်မှာ ထပ်ပြီးဘာပြန်ပြောရမလဲမသိတော့တာကြောင့် နားရွက်ကိုသာပွတ်လိုက်မိသည်။

ချီချန်အန်းတစ်ယောက် 'ကုချန်လော့ယန်cp'လို့ပြောတဲ့အသံထွက်က ပြောပြလို့မရနိုင်သည့် ဆွဲဆောင်မှုတချို့ပါ၀င်နေသည်။သူရဲ့လေးနက်သည့်မျက်နှာအမှုယာကိုတိတ်တိတ်လေး ချောင်းကြည့်လိုက်ပြီးနောက် သူ့ကိုယ်သူပြန်မေးလိုက်မိ၏။

အဲ့ဒါက တကယ် သူပဲ ထင်ယောင်ထင်မှားဖြစ်နေမိတာပဲလား...။

ချီချန်အန်းက နောက်နေ့အတွက် ခရီးဆောင်အိတ်ထဲပစ္စည်းတွေသွားထည့်နေချိန်တွင် ရွှီလော့ယန်က တိတ်တိတ်လေးweibo commentအပိုင်းကိုသွားနှိပ်ကြည့်ရာ ထိပ်ဆုံးကမှတ်ချက်နှစ်ခုကိုတွေ့လိုက်ရသည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now