chapter 60

108 26 0
                                    

🍬Chapter 60
------------

ရုံးခန်းက အလွန်မှကျယ်ပြန့်ကာ၊ လေအေးပေးစက်မှလေများကလည်း အေးစိမ့်လှသည်။ မျက်နှာကြက်ထိမြင့်သည့် ပြတင်းပေါက်မှခန်းစီးလိုက်ကာများက တင်းတင်းပိတ်ထားကာ နေရောင်ခြည်တစ်ပြောက်သော်မျှ ရုံးခန်းထဲသို့ ဝင်မလာနိုင်ပေ။ နံရံထောင့်ရှိ မီးအိမ်အနည်းငယ်မှ ထွက်ပေါ်လာသောအလင်းကသာ ရုံးခန်းထဲမှ တစ်ခုတည်းသော အလင်းရောင်ရသည့် အရင်းအမြစ်ပင်။

ရွှီလော့ယန်က အနားသို့တိုးမသွားဘဲ အဝေးမှလုံခြုံသည့်နေရာတွင်သာရပ်နေကာ နှုတ်ဆက်လိုက်သည်။

"မစ္စတာ သိုက်"

"အသေးလေး သူ့ကို ခုံယူလာပေးလိုက်"

သိုက်ရွယ်ချင်း၏ အသံအိုးများက ဒဏ်ရာရထားသကဲ့သို့ ခက်ထန်ကြမ်းရှနေလေ၏။

"ဟုတ်ကဲ့"

ထို တုံ့ပြန်လာသည့်အသံကိုကြားသည့်အခါမှသာ ရွှီလော့ယန်က ရုံးခန်းထဲတွင် အခြားလူတစ်ဦးရှိနေမှန်း သတိထားမိသည်။ သူက အသံလာရာဆီသို့ ကြည့်လိုက်ရာ - ဝမ်ယွီရှင်း..။

ဝမ်ယွီရှင်းက ခေတ်ဟောင်းစတိုင်အစင်းကြားရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီကို ဝတ်ဆင်ထားသည်။ သူက မျက်လွှာကိုသာချထားကာ အလျင်အမြန် ခုံတစ်ခုံကိုယူ၍ ရွှီလော့ယန်ရှေ့တွင် ချထားပေးလိုက်၏။

ထို့နောက် သိုက်ယွီရှင်း၏အသံက ထပ်မံထွက်ပေါ်လာသည်။ "မင်းအဝတ်တွေကို ချွတ်လိုက်"

"ဟုတ်ကဲ့"

ဝမ်ယွီရှင်းက စက္ကန့်ဝက်မျှပင် တုံ့ဆိုင်းမသွားဘဲ လက်လှမ်း၍ ကြယ်သီးများကို စတင်ဖြုတ်နေလေသည်။

ဤကဲ့သို့မြင်ကွင်းအား တွေ့ရသောအခါ၊ ရွှီလော့ယန်က စကားလည်းမပြောသလို၊ လှုပ်လည်းမလှုပ်ပေ။သူ့အိတ်ကပ်ထဲမှ ဖုန်းက ခေါ်ဆိုမှုရှိနေဆဲဖြစ်သဖြင့် သူက အနည်းငယ် စိတ်သက်သာရာ ရသွားသည်။သိုက်ရွယ်ချင်းက သူ့ကိုယ်ရေးအကျဉ်းတွင်‌ ဖော်ပြထားသည်နှင့် မတူညီပေ။ သို့နှင့် သူယခင်က တွေးထားသော အစီအစဉ်များက အလုပ်မဖြစ်နိုင်။

ထိုအကြောင်းအရာအား ရွှီလော့ယန်တွေးတောနေစဉ်ခဏတွင်၊ ဝမ်ယွီရှင်းက သူ၏ရှပ်အင်္ကျီအား ချွတ်ချလိုက်ပြီဖြစ်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှ သေချာအနာဖေးမတက်သေးသည့် အနာရွတ်များအား မြင်တွေ့နိုင်လေသည်။ တစ်ချက်မျှကြည့်ရုံဖြင့် ကြာပွတ်ရာတစ်ခုစီတိုင်းက နက်ရှိုင်းလှပြီး သွေးထွက်သံယိုဖြစ်မည်မှာ မလွဲပေ။ အနာရွတ်မှာ အခုနှစ်ဆယ်ထက် မနည်းလှဟု ရွှီလော့ယန် ခန့်မှန်းမိသည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now