chapter 59

105 24 0
                                    

🍬Chapter 59

------------

နေ့လည်ခင်း သုံးနာရီခွဲကျော်သွားသည့်အခါတွင် ကောင်းကင်တွင် ထူထပ်သောတိမ်များက ဖုံးအုပ်နေခဲ့ပြီဖြစ်သည်။ သူတို့နှစ်ဦးက ဗီဒီယိုအခန်းထဲမှ မီးများကိုပိတ်ကာ ဆိုဖာပေါ်သို့ ပြုံတိုးလာပြီးသည့်နောက်၊ ရွှီလော့ယန်အဆင်သင့်ပြင်ဆင်ထားသည့် ရေနှင့်သရေစာမုန့်များက ရုပ်ရှင်ကြည့်ရန်အပြင်အဆင်ကို စုံလင်စေပြီဖြစ်သည်။

သို့သော် သိပ်မကြာမီပင်၊ ရွှီလော့ယန်က အာရုံလွင့်လာကာ မကြာခဏချီချန်အန်းကို ခိုးခိုးကြည့်နေမိသည်။

"လော့ယန်..."

ခိုးကြည့်နေသည်အား လက်ပူးလက်ကြပ်ဖမ်းမိသွားသည့်အခါ၊ ရွှီလော့ယန်က ပို၍ပင် ရဲတင်းလာပြီး ပို၍ဗြောင်ကျကျပင် ကြည့်လေတော့သည်။

သူက ချီချန်အန်း၏ဒူးခေါင်းကို လက်ညှိုးဖြင့် အခါခါထိုးကြည့်နေပြီး "ငါ ရုပ်ရှင်မကြည့်တာက အကြောင်းအရင်းရှိတယ် ဘာလို့ဆို ချန်အန်းက ရုပ်ရှင်ကြည့်ဖို့ထက်ပိုပြီး ဆွဲဆောင်နိုင်စွမ်းမြင့်နေတာကိုး"

ထိုသို့ပြောကာ၊ သူ့လက်များ၏လှုပ်ရှားမှုက နှေးကွေးသွားပြီး တုံ့ဆိုင်းနေသည့်လေသံဖြင့် "တကယ်တော့လေ... ငါ အခုထက်ထိကို တကယ်ဖြစ်နေတယ်ဆိုတာ မယုံနိုင်သေးဘူး"

ချီချန်အန်းက တစ်စွန်းတစ်စထွက်ပေါ်နေသည့် ရွှီလော့ယန်၏ဂုတ်ပိုးကို သူ့လက်ဖဝါးဖြင့်ပွတ်သပ်ကာ အင်မတန်မှ နူးညံ့ညင်သာသည့်လေယူလေသိမ်းဖြင့် မေးလာသည်။

"တကယ်မဟုတ်ဘူးတဲ့လား။"

သူတကယ်ဘာတွေစဉ်းစားနေတာလဲဆိုတာကို ထုတ်ဖော်ပြောလာအောင် ချော့မော့နေသကဲ့သို့ပင်။

"အင်း အစစ်အမှန်ဖြစ်နေတာနဲ့ မတူသလိုပဲ ဒီနေ့မနက်ကစရင် အခုထက်ထိ တစ်ဆယ့်နှစ်နာရီပဲရှိသေးပေမယ့် ငါခံစားရတာက..."

ရွှီလော့ယန်က ဘယ်လိုပြောရမလဲမသိသဖြင့် အကျပ်ရိုက်သွားသော်လည်း သူအတတ်နိုင်ဆုံး သေချာဖော်ပြရန် ကြိုးစားလိုက်သည်။

"ငါက မင်းနဲ့အတူတူ နှစ်တွေအကြာကြီး၊ အရှည်ကြီး ရှိနေခဲ့သလိုမျိုးပဲ။"

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now