ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

147 37 0
                                    

🍬Chapter 46

------------

ရွှီလော့ယန်နာမည်ကြီးနေဆဲဖြစ်ကြောင်း အသိအသာဆုံးသက်သေကတော့ သူမှာအိမ်ပြန်ဖို့အချိန်ပင်မရှိခြင်းဖြစ်သည်။

ခရီးဆောင်အိတ်ကိုကားထဲထည့်လိုက်ပြီး အလယ်ခုံ၌၀င်ထိုင်လိုက်ပြီးနောက် သူ့အနေအထားအား သူ့ကိုယ်သူ အလျင်အမြန်ပြင်လိုက်ပြီး တတ်ကြွနေတဲ့လေသံဖြင့်မေးလိုက်၏။

"မစ်ရှင် ကိုဒီထက်ပိုပြီးပြင်းထန်တဲ့ဟာလုပ်ရအောင် ကျန်းကော ငါတို့ဘာဆက်လုပ်ကြမလဲ"

ကျန်းသုန့်က အချိန်ဇယားကိုလှန်လှောကြည့်လိုက်ပြီး "အ၀တ်အစား၀တ်ကြည့်ရမှာ2နာရီကြာမယ်၊ အဲ့ဒါက6နာရီခွဲဆိုတော့ ငါတို့၈နာရီခွဲ‌ဆိုရင်ပြီးမယ်၊ဒါပြီးရင်ထျန်းယာယာကမင်းကို မိတ်ကပ်ပြင်ပေးလိုက်မယ်"

နောက်တစ်နေ့မနက်ပိုင်း ရွှီလော့ယန် အင်္ကျီလဲလိုက် poseပေးလိုက်ဖြင့် အချိန်တွေကုန်ဆုံးနေခဲ့ရသည်။ဓာတ်ပုံဆရာရိုက်လို့ပြီးတော့ အလှချထားတဲ့ကတ္တီပါဆိုဖာပေါ်သို့ လှဲချလိုက်သည်။မျက်နှာကြက်ကိုစိုက်ကြည့်နေလျက် သူညည်းတွားလိုက်မိသည်။

"စုတ်ပြတ်သပ်နေတဲ့ အ၀တ်ရုပ်လေးလို နောက်တစ်ကြိမ် ခံစားလိုက်ရတယ်"

ရေတစ်ခွက်လှမ်းပေးလိုက်ကာ လုတိကသူ့ကိုအားပေးရှာ၏။

"ရွှီကော တောင်ခံထား၊ အင်တာဗျူးကိုဖြတ်ကျော်ပြီးရင် ကောပြန်အိပ်လိုက်လို့ရပြီ"

ယခုလိုအလုပ်များတဲ့နေတွေမှာ သူလည်းမထိန်းနိုင်ဘဲသန်းဝေမိလေသည်။

လက်တစ်ဖက်ထောက်ပြီးဆိုဖာပေါ်ကနေထကာ ရုတ်တရတ်ကြီးထမေးလိုက်သည်။

"ချန်အန်း အခုချိန်ဘာလုပ်နေမယ်ထင်လဲ"

"ချီလူကြီးမင်းလား"

ရွှီလော့ယန်ဘာကြောင့် ထိုမေးခွန်းကိုမေးလဲဆိုတာ လုတိမသိသော်လည်း သူကအတတ်နိုင်ဆုံးကြိုးစားပြီးဖြေပေးလိုက်သည်။

"သူအလုပ်လုပ်နေမယ်ထင်တယ်၊ ကျွန်တော်တို့ဆီမှာ ည11နာရီလောက်ရှိနေပြီဆိုတော့ ချီလူကြီးမင်းတို့ဘက်မှာမနက်ပိုင်းဖြစ်လိမ့်မယ်"

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now