ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

303 42 0
                                    

Chapter 37
December 24, 2023
🍬Chapter 37

------------

အားလုံးပြီးသည့်အခါ၊ ရွှီလော့ယန်က ဘာကြောင့် ချီချန်အန်းက ဒါရိုက်တာချူးရိုက်ကူးတဲ့ပုံစံက ကိုယ်ပိုင်အသိစိတ်၏ စီးဆင်းမှုနှင့်ညီကြောင်း ပြောခဲ့လဲဆိုတာ ‌အမှန်နားလည်သွားရပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဇာတ်ညွှန်းမှာ လုံးဝကို အတုအယောင်ပင်။ အခြေခံအားဖြင့် ရိုက်ကူးရေးစတင်သည်နှင့် မူလဇာတ်ညွှန်းမှာ မမှတ်မိနိုင်လောက်သည်အထိ ပြင်ဆင်ခြင်းခံလိုက်ရပြီး ရွှီလော့ယန်ကိုယ်တိုင်ပင် သူမည်သည့်အခန်းကို ရိုက်ကူးနေမှန်းမသိတော့သည်အထိ ရှုပ်ထွေးနေရသည်။ အချုပ်အားဖြင့်ဆိုသော်၊ ဒါရိုက်တာချူးက ဇာတ်ဝင်ခန်းကို နှုတ်ဖြင့်ဖော်ပြကာ ဘယ်လိုသရုပ်ဆောင်ရမည်ဆိုတာကို သူ့ဘာသာသူ သဘောပေါက်စေ၏။

သို့သော် ကောင်းသည့်အချက်မှာ၊ ချီချန်အန်းပြောခဲ့သလိုပင်၊ ဒါရိုက်တာချူးက အင်မတန်ပင် စိတ်ရှည်လှပြီး သူ့သရုပ်ဆောင်များအား သင်ကြားပို့ချပေးကာ၊ အရောင်တင်ပေးရတာကို သဘောကျလေသည်။ ရွှီလော့ယန်ကိုယ်တိုင်လည်း သူ့သရုပ်ဆောင်အရည်အချင်းများက သိသိသာသာပင် တိုးတက်လာတာကို ခံစားမိလေသည်။

ငါးရက်ကြာဆက်တိုက်၊ ရွှီလော့ယန်က နေ့ရောညပါ ကြိုးစားပမ်းစား သူ့အခန်းများအား အလျင်မီ‌အောင် ရိုက်ကူးနေရသည်။ ယခင်က ရိုက်ကူးထားသည့် ကျစ်ချူး၏ဇာတ်ဝင်ခန်းသုံးခန်းလုံးကို ဖျက်လိုက်သဖြင့် အားလုံး ပြန်လည်ရိုက်ကူးရမည်ဖြစ်သည်။ သို့နှင့် အရန်ဇာတ်ကောင်သာဖြစ်သော သူ့မှာ ဇာတ်လိုက်မင်းသားနှင့်မင်းသမီးတို့ထက်ပင် ပို၍အလုပ်များနေရသည်။

သို့သော် မည်မျှပင်အလုပ်များနေပါစေ၊ သူက တစ်နေ့ကို သုံးနပ်စားရမည့်အချိန်ဇယားကို အတိအကျလိုက်နာဆဲပင်။ ချီချန်အန်းထံ မက်ဆေ့ပို့ကာ အစားစားရန် မမေ့ဖို့နှင့်၊ ညနေခင်းများတွင်လည်း ကောင်းသောညပါဟု နှုတ်ဆက်ကာ၊ ပင်ပန်းစွာဖြင့် အိပ်ယာထက်လှဲကာ အိပ်ရန်ပြင်လေသည်။

ရိုက်ကူးရေးလုပ်နေသည့် ရက်နှစ်ဆယ်အတွင်း ရွှီလော့ယန်မှာ လေးကီလိုဂရမ်ပင် ကျသွားပြီး သူ့ကိုယ်အလေးချိန်မှာ (ကီလို)ခြောက်ဆယ်အောက်သို့ ရောက်သွားလေသည်။ သို့မှသာ ဒါရိုက်တာချူးက စိတ်ကျေနပ်သွားရသည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now