ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

131 27 0
                                    

🍬Chapter 39

------------

ပြောရင်းနှင့်ကျန်းသုန့်က သူ့ဖုန်းကို ရွှီလော့ယန်ဆီ ကမ်းပေးလိုက်သည်။

"အကယ်လို့များ သူမဘက်က စန်းတင်ရဲရင် ငါလည်း သူမကို လူမုန်းအောင်လုပ်နိုင်တယ် ဒါပေမယ့် မင်းကတော့ အခုရက်ပိုင်းအတွင်း အရာရာမှာ ပိုပြီး သတိထားပေါ့ မင်းကအခုတလော တော်တော်လေး လူပြောများတဲ့အကြောင်းအရာဖြစ်နေပြီးတော့ အကြောင်းကြောင်းကြောင့် hot search ပေါ်ရောက်နေတာက တခြားလူတွေက မင်းဆီလာပြီး မင်းရဲ့ကျော်ကြားမှုကို ခိုးယူချင်ကြလိမ့်မယ်"

"အိုး...ကောင်းပါပြီ"

ရွှီလော့ယန်က ဆိုရှယ်မီဒီယာ app ကို ဖွင့်ကြည့်လိုက်သောအခါ အတင်းအဖျင်းကိုတင်ထားသည့် မူရင်းဝေးပေါ်ပို့စ်အား ကျန်းသုန်ဘက ပြန်၍ ရှယ်ထားတာကိုမြင်လိုက်ရပြီး ‌သက်တောင့်သက်‌သာလေသံဖြင့် ရေးထားသေးသည်။

"လုတိနဲ့ငါလည်း အဲ့ဒီနားမှာပဲလေ ဘာလို့သူတို့က ငါတို့ကိုကျ ပုံထဲမထည့်ပေးထားတာလဲ ဓာတ်ပုံဆရာက လုံလုံလောက်လောက် ပညာရှင်မဆန်ဘူးပဲ ပြီးတော့ အချိန်နဲ့နေရာကလည်း မှားနေသေးတယ် ဒါက ဟိုတယ်ရဲ့ မနက်စာစားတဲ့နေရာ၊ အားလုံးက စောစောစီးစီးရိုက်ကူးရေးလုပ်ဖို့ အလုပ်ရှုပ်နေကြတာ"

ရွှီလော့ယန် ဖတ်လို့ပြီးသွားသည့်အခါ ကျန်းသုန့်က ဖြေရှင်းရမည့်အရာအားလုံးကို စာနှစ်ကြောင်းတည်းဖြင့် ဖြေရှင်းသွားသည်ကို တွေ့လိုက်ရသည်။ သူ့နှလုံးသားမှ တင်းကြပ်နေမှုများ ပြေလျော့သွားရပြီး သူက မူရင်းပို့စ်ကို ဝင်ကြည့်လိုက်သည်။

ထိုနေရာတွင်၊ ကောမန့်ဆက်ရှင်တစ်ခုလုံး၌ 'ကုချန်း cp ဖန်တွေက နားလည်ပါတယ်' ဟူသည့်‌ ကောမန့်များကိုသာ တန်းစီ၍မြင်လိုက်ရသည်။

သပ်ရပ်သည့်ဖွဲ့စည်းမှုကို အံ့ဩသွားရကာ၊ ရွှီလော့ယန်က screenshot ရိုက်လိုက်ပြီး အမြန်ပင် ချီချန်အန်းထံ လှမ်းပို့ပေးလိုက်ပြီး စာပါထည့်ရေးလိုက်သေးသည်။

" မစ္စတာချီး ကုချန်း cp ဖန်တွေက နားလည်ပါတယ်တဲ့~"

ဓာတ်ပုံရသည့်အချိန်တွင် ချီချန်အန်းက နေ့လည်စာစားနေခြင်းဖြစ်သည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now