chapter 58

103 26 0
                                    

🍬Chapter 58
------------

နောက်တစ်နာရီ​လောက်ကြာတဲ့အချိန်မှာ ချီချန်အန်းက ရွှီလော့ယန်ကို သတင်းထောက်တွေနဲ့ ပါပါရာဇီတွေ ရန်ကနေကာကွယ်ဖို့အတွက် သူနေတဲ့နေရာကိုပဲခေါ်သွားလိုက်သည်။

ဓာတ်​လှေကားကနေတစ်ဆင့် Brighton ဟိုတယ်ရဲ့ အပေါ်ဆုံးအထပ်အထိရောက်ပြီးတဲ့နောက် တံခါးကိုဖွင့်လိုက်ချိန်မှာ ရွှီလော့ယန်မြင်လိုက်ရတာက အခန်းရဲ့အတွင်းပိုင်းအပြင်အဆင်က ဖုန်းချန်မှာသူနေခဲ့တဲ့ အခန်းရဲ့အပြင်အဆင်၊ပရိဘောဂများနဲ့ တစ်ထပ်တည်းဖြစ်နေပေသည်။

ရွှီလော့ယန်က အခုမှဆေးရုံကပြန်ရောက်လာတာဆိုတော့ ရေချိုးချင်နေမှာ ဆိုတာသိနေတဲ့အတွက် ချီချန်အန်းက "အခန်းရဲ့ပုံစံက မင်းအရင်နေခဲ့တဲ့ အခန်းရဲ့ပုံစံနဲ့အတူတူပဲ၊ရေချိုးခန်းထဲက ဗီဒိုထဲမှာ ရေချိုးပြီး၀တ်ဖို့ ဝတ်စုံတွေရှိတယ်"

ရွှီလော့ယန်ခေါင်းငုံ့ကာ သူပစ္စည်းများကိုနေရာချလိုက်ပြီး​နောက် ရေချိုးခန်းစီဦးတည်လိုက်ပြီး လက်တစ်ဝက်အရောက်မှာ ချီချန်အန်းဘက်ကိုပြန်လှည့်လိုက်ကာ "ချန်အန်း မင်းရေတူတူချိုးချင်လား"လို့မေးလိုက်သည်။

ထိုသို့မေးလိုက်ပြီးနောက်မှာမှ သူမေးခွန်းမှားသွားပြီမှန်းသိလိုက်လို့ လန့်သွားပြီး "ငါအခုဘာမှ မမေးလိုက်ဘူးနော်" ဟုဆိုကာရေချိုးခန်းစီသို့ အလင်းလိုအလျင်ဖြင့်ပြေးသွားလေသည်။

ရေချိုးခန်းတံခါးပိတ်လိုက်တဲ့အသံကိုကြားလိုက်ရတဲ့အချိန်မှာ ချီချန်အန်းက အခြားရေချိုးခန်းတစ်ခုစီ ဦးတည်လိုက်ပြီးမှ နေရာမှာတင်ရပ်နေမိကာ သူ့မျက်နှာထက် အပြုံးတစ်ခုပျံ့နှံသွားသည်။

မိနစ်လေးဆယ်ကြာပြီးတဲ့နောက်မှာ ရွှီလော့ယန်က အနက်ရောင်ရေချိုးဝတ်စုံကိုဝတ်ထားပြီး ခါးစည်းကြိုးကို လျော့ရဲစွာချည်နှောင်ထားကာ ထိုင်ခုံပေါ် ပျင်းတိပျင်းရွဲ မှီထားပြီး သူ့ရဲ့ လည်ပင်းသားလေးတွေနဲ့ ရင်ဘက်တို့မှာလည်း ပွင့်ပွင့်လင်းလင်းပင် ဖော်ပြခံထားရလေသည်။သူ့ရဲ့ဆံပင်တွေက လေမှုတ်စက်နဲ့ အခြောက်ခံထားတာကြောင့် ပွယောင်းနေပြီး မျက်လုံးများကလည်း တစ်ဝက်ခန့်မှေးမှိန်နေကာ လေသံကမူဖျော့တော့လျက် ရှိနေ၏။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now