ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

211 33 0
                                    

Chapter 26

------------

ပုံမှန်ပါပဲ...

ရွှီလော့ယန်က လောလောလတ်လတ် သူမြင်လိုက်ရတာကိုမတွေးဘဲ မနေနိုင်အောင်ပင်၊ဒါက မကောင်းဆိုးဝါးနတ်ဆိုးမျိုးနွယ်စုရဲ့ လူမျိုးရေးအားသာချက်များလား၊ဒါပေမယ့် ချီချန်အန်းက အင်္ကျီ၀တ်ပြီးသွားပြီဖြစ်တာကြောင့် အနီးကပ်ကြည့်လို့မရတော့ချေ။

မဟုတ်သေးပါဘူး...သူမှာဒီလိုမျိုးအတွေးတွေရှိနေတာကို မယုံနိုင်သေးဘူး။

ဆံပင်‌လေမှုတ်စက်အားလက်ထက်မှာကိုင်ထားလျက် ရွှီလော့ယန်က သူ့ခေါင်းထဲကညစ်တီးညစ်ပတ်အတွေးတွေအားလုံးကို လေနဲ့မှုတ်ပစ်ဖို့အချိန်အကြာကြီးယူလိုက်ရသည်။

ချီချန်အန်းက ရွှီလော့ယန်တစ်ယောက်ဆံပင်အ‌ခြောက်ခံနေတာကိုစိတ်ရှည်ရှည်ဖြင့်ထိုင်စောင့်နေသည်။ပြီးနောက် ဆံပင်ခြောက်စက်အားယူရန်ပြင်လိုက်သည့်အချိန်၌ ရွှီလော့ယန်၏မဖီးမသင်ရသေးတဲ့ ဆံပင်တွေအားမြင်ပြီး လက်ကမထိန်းနိုင်တော့ဘဲ နှစ်ခါလောက်ကိုင်ကြည့်လိုက်သည်။အတော်လေးကိုင်လို့ကောင်းလေသည်။

ရွှီလော့ယန်က တဖက်လူကိုင်ပြီးတာကိုစောင့်ပြီးတော့မှ နီရဲတွက်နေတဲ့နားရွက်များဖြင့် မကျေမနပ်ဖြစ်သွားကာ"မင်း ယောက်ျားလေးတယောက်ရဲ့ဆံပင်ကို ထိချင်တိုင်းထိလို့မရဘူးလေ"

" ဘာလို့လဲ "

ချီချန်အန်းက သူ့ကို သဘောတကျဖြစ်နေတဲ့အမှုအရာဖြင့်ကြည့်နေလေသည်။

"ဘာကြောင့်လဲဆိုတော့ အဲ့လိုလုပ်ရင်အရပ်ရှည်မလာတော့ဘူးတဲ့"

ထိုသို့ပြောပြီးနောက် ရွှီလော့ယန်က နောက်ထပ်အကြောင်းပြချက်တစ်ခုကို ထပ်ပြောလိုက်သည်။

"ကျွန်တော် ကြည့်မကောင်းဘဲနေလိမ့်မယ်"

"စိတ်မူပါနဲ့ မင်းက အခု အရမ်းကြည့်ကောင်းပါတယ်"

ချီချန်အန်းက ကုတင်အစွန်း၌ထိုင်လိုက်ပြီး သူ့ခြေထောက်ရှည်ရှည်တွေအား ပုံမှန်အတိုင်း အေးဆေး ဖြန့်ကားထားပြီးရွှီလော့ယန်အား "မင်း အိပ်ချင်နေသေးလား"

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now