ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

132 28 0
                                    

🍬Chapter 41
------------

"အင်း ကျွန်တော်အခုပဲ လေယာဉ်ပေါ်က ဆင်းလာတာ ကျွန်တော်က နှစ်သစ်ကူးကို ရိုက်ကွင်းမှာပဲ အချိန်ကုန်ရမယ်ထင်နေတာ ဒါရိုက်တာချူးက အရမ်းကြင်နာတတ်လိမ့်မယ်လို့ ကျွန်တော်မထင်ထားမိဘူးရယ်"

ရုတ်တရက် သူ့နာမည်ကို တစ်ယောက်ယောက်ကအော်ခေါ်လိုက်တာကြားလိုက်ရသဖြင့် မော့ကြည့်လိုက်သောအခါ၊ သူ့အရှေ့မှ ခပ်လှမ်းလှမ်းတစ်နေရာတွင် ပရိတ်သတ်များက စုဝေးနေကာ သူ့နာမည်ပါသည့် ဆိုင်းဘုတ်များကိုင်ထားတာကို မြင်လိုက်ရသည်။

မန်နေဂျာရော၊ လက်ထောက်ရော ပါမလာသည့်ရွှီလော့ယန်မှာ စိတ်ရှုပ်သွားရသည်။

လခွမ်း၊ သူ့ပရိသတ်တွေက FBI ကများလား။

သို့သော် နှစ်ဖက်လုံး၌ အမြဲလိုလို နားလည်မှုရှိကြရာ၊ ရွှီလော့ယန်က သူ့တို့ထံလျှောက်သွားပြီး အသံကိုမြှင့်ကာ "ပျော်ရွှင်စရာ နွေဦးပွဲတော်ပါ ကောင်မလေးတို့ ငါ နှစ်မိနစ်လောက် ရပ်ပြီး ပို့စ်ပေးမှာမို့ မင်းတို့ ရိုက်ချင်သလောက်ပုံတွေရိုက်လို့ရတယ် ဟုတ်ပြီလား ပြီးသွားရင်တော့ ငါ့ကိုသွားခွင့်ပြုနော် နှစ်သစ်ကူးအကြိုနေ့ဖြစ်တာမို့ ငါ့မိသားစုက နှစ်သစ်ကူးညစာစားပွဲအတွက် စောင့်နေတယ်လေ"

သူ၏သနားစဖွယ်အမူအရာကြောင့် ပရိသတ်များက သဘောတကျနှင့် သဘောတူလိုက်ကြသည်။ ထို့နောက် အတိအကျကို နှစ်မိနစ်ကြာပြီးသည့်အခါ၊ သူတို့က အသိစိတ်ရှိရှိဖြင့် သူ့သွားရန်အတွက် လမ်းဖယ်ပေးလိုက်ကြသည်။

သို့သော် အိမ်၌ နှစ်သစ်ကူးညစာစားပွဲအတွက် သူ့ကိုစောင့်နေမည့်သူ တစ်စုံတစ်ယောက်မျှမရှိပေ။ တံခါးကို ဖွင့်လိုက်သည့်အခါ၊ အိမ်ကတိတ်ဆိတ်နေခဲ့သည်။ မည်သည့်အစွန်းအထင်းမျှမရှိ သန့်ရှင်းနေသော်လည်း လူအများ ပြောဆိုဆက်ဆံရာမှထွက်ပေါ်လာသည့် ဆူညံသံတစ်စုံတစ်ခုမှ ရှိမနေပေ။ သူ့ခရီးဆောင်သေတ္တာကို ဧည့်ခန်းတွင်ထားလိုက်ပြီး သူက ရေချိုးခန်းထဲသို့ တန်းဝင်ကာ ရေချိုးပြီး အိပ်ရာထဲ ပစ်လှဲလိုက်သည်။ နှစ်သစ်၏ပထဆုံးရက်သို့ရောက်သည်အထိ အိပ်စက်ရန် သူကအဆင်သင့်ဖြစ်နေလေပြီ။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now