chapter 62

117 25 0
                                    

🍬Chapter 62

------------

ရွှီလော့ယန်က ချီချန်အန်း၏ အင်္ကျီစကိုဆွဲကာ "ငါ့စိတ်ထဲက အရာတွေအကုန်ကို ပြောပြပြီးသွားပြီလေ ဘာလို့ တိတ်တိတ်လေးနေနေသေးတာလဲ လျှို့ဝှက်ချက်ချင်း ဖလှယ်ကြရအောင်"

"ကိုယ် သိုက်ရွှယ်ချင်းရဲ့ ဘဏ်အကောင့်တွေကို တစ်ယောက်‌ယောက်ကို စုံစမ်းခိုင်းထားတယ်။ အဲ့ဒီမှာ လျှို့ဝှက်ချက်တွေနဲ့ အသေးစိတ်အချက်အလက်တွေ အများကြီးရှိနေတယ်။"

သေချာပေါက် လုပ်ဆောင်ချက် ကြီးကြီးမားမားကြီးပဲ။

ရွှီလော့ယန်က ခေါင်းတဆတ်ဆတ်ညိတ်ကာ "အဲ့ဒါပြီးတော့ရော"

"ကိုယ်တို့ ကျန်းမိသားစုရေးရာကိစ္စတွေကိုလည်း စုံစမ်းခဲ့သေးတယ်။"

ချီချန်အန်းက လုပ်ဆောင်မှု အဆင့်ဆင့်နှင့် အသေးစိတ်အချက်အလက်များကို ချန်လှပ်ကာ တွေ့ရှိချက်များကိုသာ တိုက်ရိုက်ပြောပြလာသည်။

"ကျန်းမိသားစုရဲ့ လူအိုကြီး၊ ကျန်းဖုက သူ့ဘဝတစ်လျှောက်လုံး အပျော်အပါးလိုက်စားခဲ့ပြီးတော့၊ နာမည်ကြီး မိသားစုကလာတဲ့ သူ့မိန်းမနဲ့ သားနှစ်ယောက်၊သမီးတစ်ယောက်ရခဲ့တယ်။ ထပ်ပြီး သူပြန်ခေါ်လာခဲ့တဲ့ တရားမဝင် သားနှစ်ယောက်နဲ့ဆိုရင် သိုက်ရွှယ်ချင်းက နံပါတ်လေးနေရာမှာရှိတယ်

ကျန်းဖု မသေခင်တုန်းက၊ သိုက်ရွှယ်ချင်းက သည်းခံနေခဲ့ပြီးတော့ သူ့အကို ကျန်းရှုယွင်ရဲ့ လက်အောက်ခံအဖြစ်ဝင်ပြီး ကျန်းရှုယွင်ရဲ့ လက်ကိုသုံးပြီး သူ့ညီမကို အဝေးကို လက်ထပ်ပြီးပို့လိုက်တယ်။ ပြီးတော့ သူ့ရဲ့ ဒုတိယအကိုကို မသန်မစွမ်းဖြစ်အောင် လုပ်ခဲ့တာ"

ရွှီလော့ယန်က အံ့အားသင့်သွားရသည်။

"သေချာပေါက်၊ အနုပညာဇာတ်ကားတွေအကုန် လက်တွေ့ဘဝက ဆင်းသက်လာတာချည်းပဲ။ ဒါက ချမ်းသာပြီး အာဏာရှိတဲ့ မိသားစုရဲ့ မိသားစုအတွင်းတိုက်ပွဲဒရာမာလိုပဲ။"

"အင်း ကျန်းဖုဆုံးသွားတာနဲ့၊ သိုက်ရွှယ်ချင်းက ကျန်းရှုယွင်နဲ့ လက်တွဲဖြုတ်လိုက်ပြီး အာဏာသိမ်းပြီး ဟွားလီအုပ်စုကို ထိန်းချုပ်လိုက်တာ။ သူက လှည့်စားမှုတွေ အများကြီးလုပ်ပြီး၊   အချိန်တော်တော်ကြာတဲ့အထိ ကြိုးကြိုးစားစား သည်းခံနေခဲ့တာ။ ပြီးတော့ ကျန်းမိသားစုကိုပြန်သွားဖို့ ရွေးချယ်တာက သူ့အမှားမဟုတ်ဘူးဆိုတာ မင်းမိဘတွေကိုလည်း သက်သေပြဖို့ စိတ်အားထက်သန်နေလိမ့်မယ်"

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now