62

375 55 1
                                    

ဗဟိုပန်းခြံကို ကလေးများ ဝိုင်းရံထားတာကြောက့် လူကြီးနှစ်ယောက်ဖြစ်သော စစ်ဟွိုင်ရှီး နှင့် ဖေးကျောက်ကျိုး တို့သည် ရုတ်တရတ် ရပ်သွားကာ အနည်းငယ် ရှက်သွားကြသည်။

စစ်ဟွိုင်ရှီး သည် မသေချာမရေရာမှုကို ချိုးဖျက်နိုင်ခဲ့ပြီး အပြောင်းအလဲ မြန်သော မျက်လုံးများဖြင့် အဝေးကို လှမ်းကြည့်ကာ..

"ဟားဟား.. ဒီကလေက တကယ်ကို လတ်ဆတ်တာပဲနော်  ဖေးကော"

"အင်း...တကယ်ကောင်းတယ်"

အငွေ့အသက်သည် တစ်ဖန်အရှက်တရားထဲသို့ ကျရောက်သွားသည်။ စစ်ဟွိုင်ရှီးသည် ထိုအကြောင်းအရာကို မတွေးတောဖို့ သူ့ဦးနှောက်ထဲက တွန်းထုတ်လိုက်တယ်။ အနီး ပျံသန်းနေသော စွန်ကလေးများကို မြင်တော့ သူက..

" ကလေးတွေ ဆော့နေတာက အရမ်းချစ်စရာကောင်းတယ် မဟုတ်လား

ဖေးကျောက်ကျိုး ၏ မျက်လုံးများသည် ပျားရည်ကဲ့သို့ နူးညံ့သွားသည်။ အဝေးက ကစားနေတဲ့ ကလေးတွေကို ကြည့်လိုက်တော့ တစ်ခုခုကို တွေးနေပုံပဲ။ သူက နူးညံ့စွာ ပြုံးပြီး..

"အရမ်းချစ်စရာကောင်းတယ်"

စစ်ဟွိုင်ရှီး ခဏရပ်ပြီး "ဖေးကော မင်း ကလေးတွေကို သဘောကျလား."

"အင်..သဘောကျတယ်."

အရမ်းသဘောကျတယ်၊ မဟုတ်ရင် သူမျိုးအောင်နိုင်မှု ဆုံးရှုံးသွားတာကို သိလိုက်ရတဲ့အခါ အရမ်းဝမ်းနည်းပြီး စိတ်ဓာတ်ကျမှာ မဟုတ်ဘူး၊ ကိုယ်ဝန်ရှိနေတာကို သိလိုက်ရတော့ ပျော်လွန်းလို့ အော်ဟစ်ပစ်ချင်တဲ့အထိ အံ့ဩသွားရတယ်။ သူပဲသီးလေးကို ချစ်တယ်။ .

စစ်ဟွိုင်ရှီးသည် ရယ်မောနေသော ကလေးများ အုပ်စုကို ဖြည်းညှင်းစွာ ကြည့်ကာ ပြုံးပြီး..

"ကျွန်တော်လည်း သဘောကျတယ်"

ဒီလိုနဲ့ ရုတ်တရက် ဖေးကျောက်ကျိုး ရဲ့ မှုန်ကုပ်နေတဲ့ စိတ်ဓာတ်ဟာ တောက်ပပြီး ရွှင်မြူးသွားကာ ပျော်ရွှင်မှုကို ခံစားလိုက်ရတယ်။

မူလက အဆင်မပြေသောလေထုသည် နူးညံ့ပြီး ဖော်ရွေသော နွေရာသီ လေညင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ဖေးကျောက်ကျိုး ၏ ခန္ဓာကိုယ်ပေါ်တွင် နေရောင်ဖြာထွက်နေသောကြောင့် အနည်းငယ်တောက်ပလာစေသည်။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now