-1-

28.1K 1.4K 42
                                    

"​တောက်​... ဘယ်​အချိန်​ရှိ​နေပြီလဲ "

Sehun အံကြိတ်​ရင်း ​တောက်​​ခေါက်​မိသည်​... ဒီ​နေ့ဘဲ မင်္ဂလာ​ဆောင်​တယ်​... ဒီ​နေ့ဘဲ ပြသနာတက်​တယ်​...
အလုပ်​​တွေ များတဲ့ ဘဝမှာ ဒီလိုအိမ်​​ထောင်​ဖက်​​ကြောင့်​ စိတ်​ညစ်​ရမယ့်​အ​ကြောင်းကို​တွေးမိ​တော့ အခုလက်​ရှိ dinner ပွဲကို​တောင်​ ဖျက်​လိုက်​ချင်​​သေးရဲ့...

Sehun ရဲ့ မိဘ​တွေက​တော့ အပြုံးမပျက်​​သေး​ပေမယ့်​ ​ယောက္ခမ​တွေက​တော့ သူတို့သားလုပ်​ရပ်​​ကြောင့်​ sehunတို့ကို အားနာ​နေ​သော အ​ခြေ​နေမျိုးနဲ့....

"Dinner က ​နောက်​ကျ​နေပြီ.."

ယောက္ခမ ဖြစ်​သူက အားနာတဲ့ မျက်​နှာထားမျိုးနဲ့ ​မျက်​နှာချို​သွေးပြီး ​ပြော​နေတုန်းမှာ...

အိမ်​အ​နောက်​​ပေါက်​က​နေ ကမန်းကတန်းဝင်​လာတဲ့ ​ကောင်​​လေး​ကြောင့်​ sehun မျက်​ခုံး​တွေ တွန့်​ချိုးသွားရသည်​...

"Sorry..​​မေ​မေ... သား​နောက်​ကျသွားတယ်​...လမ်းမှာကား​တွေပိတ်​​နေလို့..."

ခေါင်း​ပေါ်က ​ရေစက်​​တွေကို ခါချရင်း လူကြီး​တွေကို ရိုရိုကျိုးကျိုး​ပြော​နေရှာတဲ့ ​ကောင်​​လေးက သူ့ထက်​ ၆နှစိ​လောက်​ငယ်​ပြီး ​ဆေးအသစ်​ထူတ်​​ဖော်​တဲ့ဌာနမှာ သု​တေသနကိုလွန်​စွာမှအားထုတ်​ကြိုးပမ်းတဲ့ ဆရာဝန်​​လေး​ပေါ့​လေ...

"အို...သားရယ်​.. မိုး​တွေလည်းရွှဲလို့... ဖျားမယ်​.. လာ..လာ.."

နောက်​ကျမှလာ​သော သားကို တစ်​ချက်​မှ ဆူပူခြင်းမရှိတဲ့အပြင်​ စိတ်​ပူစွာနဲ့ ပူပန်​​သေး​တဲ့ ​ယောက္ခမကိုမြင်​ကတည်းက ဒီ​ကောင်​​လေးကို တစ်​အိမ်​လုံး သည်းသည်းလှူပ်​မယ်​ဆိုတာ sehun ခန့်​မှန်းမိပါ၏...

မင်္ဂလာပွဲပီးကတည်းက ​ယောက္ခမ နဲ့ မိဘ​တွေကို နှူတ်​ဆတ်​ပြီး အလုပ်​ကို​ပြေးသွားတဲ့ အပြင်​ Dinner ထိပါ​နောက်​ကျ ​နေတဲ့ သမက်​အသစ်​စက်​စက်​​လေးကို တစ်​ချက်​မှ မျက်​နှာမပျက်​ချစ်​နိုင်​သည့်​ ကိုယ့်​မိဘ​တွေကိုလည်း အံ့သြမိပါရဲ့...

အနည်းငယ်​​နောက်​ကျမှ စဖြစ်​လိုက်​တဲ့ Dinner ပွဲက အဆင်​​ပြေ​ပြေပြီးဆုံးသွားခဲ့သလို ကိုယ့်​ထက်​ အသက်​အများကြီးကွာခြား​တဲ့ အိမ်​​ထောင်​ဖက်​​ နဲ့ Sehun တို့ရဲ့ ​နေ့သစ်​​တွေက စတင်​ခဲ့ပါ၏....

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now