-6-

11.5K 1K 15
                                    

Jongin ပုံမှန်​ နိုး​နေကြ အတိုင်း မနက်​ ၆ နာရီမှာ နိုးလာ​တော့ ​ဘေးမှာ sehun က အိပ်​​နေဆဲ...

ခါတိုင်းဆို jongin နိုးလာရင်​ Sehun က ​မနက်​ခင်း လမ်း​လျှောက်​ထွက်​သွားပြီပင်​...

အခု​တော့အိပ်​​နေတုန်း...

ညက sehun ကလည်း စိတ်​ဆိုး​နေတာမို့ jongin မနှူိုး​တော့ဘဲ bathroom ထဲသာ ဝင်​သွားလိုက်​​တော့သည်​...

သူရယ်​ ကိုယ်​ရယ်​မှာ ရည်းစားသက်​တမ်းဆိုတာကြီး မရှိခဲ့​လေ​တော့ သူ့ကို ​ဘယ်​လို​ချော့ရမလဲဆိုတာ jongin
လည်းမသိ....

ဟူး... project လည်းမြန်​မြန်​ပြီးမှပါ.....

•••••••••••

Jongin မျက်​နှာသစ်​ ​ရေချိုးပြီးသည်​အထိ sehun မထ​သေး​ချေ.....

စားပွဲ​ပေါ်က laptop ကို အိတ်​ထဲထည့်​ပြီး​တော့မှ sehun အိပ်​​နေတဲ့ ကုတင်​ဘက်​ခြမ်းကို သွားလိုက်​ပြီး ....

"Hun.... sehunn.... ထ​တော့ အလုပ်​သွားရမှာမလား..."

က​လေး​တစ်​​ယောက်​လို နှူတ်​ခမ်း​​သေး​သေး​လေးကို ​​ထော်​ပြီး အိပ်​​နေတဲ့ sehun က က အိပ်​​နေတဲ့အချိန်​မှာ​တော့ တကယ်​ချစ်​ဖို့​ကောင်းတာပါ....

Jongin နှိုးလိုက်​​တာ​ကြောင်​ sehunရဲ့ မျက်​ခူံးခပ်​ထူထူ၂ခုက ကျူံ့သွားပြီး .....

"ကိုယ်​ ဒီ​နေ့မသွားဘူး... သိပ်​​နေမ​ကောင်းလို့...."

Jongin ကိုပြန်​​ပြောတဲ့ စကားသံက အသံ​တွေဝင်​ကာ ​ချောင်းဆိုး​နေတာမို့ sehun ဖျား​နေပြီမှန်း jongin သိလိုက်​သည်​....

Sehun နဖူး​ပေါ် jonginလက်​တင်​လိုက်​​တော့ အ​တော်​ပင်​ပူ​နေ​လေသည်​...

ညက​ရေမချိုးပါနဲ့ ​ပြောသားနဲ့....😒

Jongin ဒီအတို်​င်း​နေလို့ မဖြစ်​တာမို့ sehun ကို ဆွဲထူပြီး....

"ထ... hun.. ဒီ​လို​နေလို့မရဘူး... မျက်​နှာသစ်​ တစ်​ခုခုစားပြီး ​ဆေး​သောက်​ရ​အောင်​...."

Jongin ကအတင်းထူတာ​ကြောင့်​ မထချင်​ ထချင်​နဲ့ sehun ထလာပြီး.....

"ညက ​ဆေး​သောက်​ပြီးပြီ.... ​ခေါင်း​တွေ ကိုက်​နေလို့ အိပ်​ဦးမယ်​....."

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now