- 21 -

9.7K 958 57
                                    

မိုးပြာရောင် အနှီးထုတ်ထဲက နီရဲနေတဲ့ အသားအရေနဲ့ ကလေးလေးဟာ လောကကြီးထဲရောက်လာတာ နာရီပိုင်းမျှပင် ရှိသေးပေမယ့် နှာခေါင်းဝမှာ အုပ်ထားတဲ့ oxygen mask အသေးလေးနဲ့ လှုပ်ရှားမှုနည်းတဲ့ ရင်ဘတ်သေးသေးလေးကြောင့် ဆရာဝန်တွေ သူနာပြုတွေမှာ အနားကနေ
တစ်ချက်မှ သတိမလွတ်ရဲ....

"ခဏနေရင် ဓာတ်ကင်ရတော့မှာမို့ခေါ်သွားတော့မယ် Sehun ...."

မှန်အပြင်ဘက်က ငေးကြည့်နေတဲ့ Sehun ဘေးနာကို
ရောက်လာတဲ့ မင်ဝူးရဲ့ စကားကြောင့် Sehun ခေါင်းညိတ်ပြကာ ရင်ခွဲရုံဘက်ကို ထွက်လာလိုက်သည်....

တိတ်ဆိတ်နေတဲ့ ကော်ရစ်ဒါတစ်လျှောက်မှာ Sehun ရဲ့ ဖိနပ်သံက ပဲ့တင်ထပ်နေသလို ရင်ထဲမှာ မချိတဲ့ Sehun ရဲ့ ပုံရိပ်က မလဲပြိုကျသွားအောင် အားတင်းထားရတဲ့ အခြေနေမျိုးနဲ့....

ဘဝမှာ ဒီလိုနေ့ရက်တွေ ရှိလာလိမ့်မယ်လို့ မတွေးထားဖူးတာမို့ ဖြေမဆည်နိုင်မှုတွေက ရင်ထဲမှာ ကြီးစိုးလျက်...

အလိုအလျောက် ပွင့်တဲ့ တံခါးဝနားမှာရပ်လိုက်တော့ ပွင့်သွားတဲ့ တံခါးနောက်က မမြင်ချင်ဆူံးမြင်ကွင်းကြောင့်
ရင်ကို အပူမီးကလာဟပ်သည်....

" Nini..."

ဘီးတပ်ကုလားထိုင်ပေါ်မှာ အားလျော့စွာထိုင်ပြီး
ကြေကွဲနေတဲ့ မျက်ဝန်းအစုံနဲ့ Jongin က Sehun ခေါ်သံကို
ကြားဟန်ပင်မပြု...

မျက်ဝန်းတို့က အရှေ့နားဆီက ပန်းတွေကြားမှာ
အိပ်စက်နေတဲ့ ပန်းရောင်ဝတ်စုံနဲ့ နီတာရဲ ကလေးလေးဆီမှာ..

မွေးကတည်းက အသက်ပါမလာတာမို့ ငါစိတ်မကောင်းပါဘူးဆိုသော မင်ဝူးရဲ့ စကားကို နားထဲမှာ ပြန်ကြားလာတော့
Jongin မျက်ဝန်းကနေ မျက်ရည်တို့က စီးကျလာပြန်သည်...

ပါးတစ်လျှောက်စီးကျသွားတဲ့ မျက်ရည်စက်တွေကို
ဖိသုတ်ပေးလိုက်တဲ့ လက်တစ်စူံပိုင်ရှင်က Jongin ကို
သူ့ရင်ခွင်ထဲ ထည့်ကာဖက်လိုက်ပြီး....

" တောင်းပန်ပါတယ်..မငိုပါနဲ့တော့ Nini ရယ်...
ကိုယ်တို့ သမီးလေးကို အေးအေးဆေးဆေး သွားခွင့်ပေးလိုက်ရအောင်...Nini ငိုနေရင် သမီးက ဝမ်းနည်းနေရလိမ့်မယ်..."

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now