- 13 -

1K 95 0
                                    

" ဆိုးဆိုးဝါးဝါးတော့မဖြစ်ပါဘူး ... ယာယီ အမြင်ကွယ်တာမျိူးပါ..... လေးပတ်လောက်အနားယူပြီးရင် ပြန်ကောင်းသွားမှာပါ...."

ဆရာဝန်ကြီးစကားကြောင့် မေ့ဆေးအရှိန်နဲ့ အိပ်ပျော်နေတဲ့ Jongin ဘေးနားမှာ ထိုင်နေတဲ့ sehun ကသက်ပြင်းအသာချလိုက်ပြီး ....

"ကျေးဇူးပါ.. Dr..."

Round လှည့်တဲ့ ဆရာဝန်ကြီး ပြန်ထွက်သွားတော့မှ sehun

အသာပြန်ထိုင်လိုက်ပြီး Jongin လက်လေးကို ဆုပ်ကိုင်ကာ ခပ်ဖွဖွ အနမ်းပေးမိရင်း.....

"တောင်းပန်ပါတယ်..... "

Jongin နဖူးလေးပေါ်ဝဲကျနေတဲ့ ဆံပင်တွေကို အသာသပ်တင်ကာ Jongin နဖူးပြင်လေးကို sehun နမ်းရိူှက်လိုက်မိသည်.....

မထင်မှတ်ဘဲ Jongin. အခုလို ဖြစ်သွားတာကို Sehun လည်း အတော်လေးလန့်သွားခဲ့ရတာမို့ မိဘတွေကိုတောင် အသိမပေးထားပါ......

Sehun ဒေါသနဲ့ မဆင်မခြင် လုပ်လိုက်မိပေမယ့် Jongin ကိုထိခိုက်စေချင်တဲ့စိတ် နည်းနည်းလေးတောင် မရှိခဲ့....

ဒါပေမဲ့ Jongin ထိခိုက်သွားတာမို့ sehun လည်း အတော်နာကြင်ရပါတယ်.....

" ကိုယ့်ကြောင့် ထိခိုက်သွားတဲ့ အတွက် တောင်းပန်ပါတယ်....Nini.... ကိုယ်မင်းကိုချစ်လွန်းလို့ မင်းဆီက ရူးမတတ်လိုချင်တဲ့ လက်ဆောင်လေးကို မင်းကမလိုချင်တဲ့ အတွက် ကိုယ်လက်လွှတ်လိုက်ပါ့မယ်..... ကိုယ်မင်းဆီက ဘယ်တော့မှ ကိုယ်တို့ ကလေးလေးကို မတောင့်တတော့ဘူး....."

Sehun ကသူ့ရဲ့ အရောင်မစုံတော့တဲ့ အိမ်မက်ကို တခြားတစ်ယောက်နဲ့ ဆက်မက်မယ်ဆိုရင် Jongin အေးအေးဆေးဆေး အိပ်ပျော်နေပါ့မလားလေ......

----!!!------!!!!------!!!!------!!!!!!-------

"Baekhyun ...... လာလေ.... အိမ်မှာ sehun မရှိဘူး...."

အခန်းထဲဝင်ဖို့ တွန့်ဆုတ်ဆုတ်ဖြစ်နေတဲ့ baekhyun ကို Jongin လှမ်းခေါ်လိုက်တော့မှ ဝင်လာတယ်....

" ငါယူလာခိုင်းတဲ့ fileတွေပါတယ်မလား...."

Baekhyun က ကုတင်ဘေးကခုံမှာ ထိုင်လိုက်ရင်း

"မျက်လူံးကရော သက်သာရဲ့လား...

ကျန်တဲ့တစ်ဖက်တည်းနဲ့ အလုပ်တွေ ဖိလုပ်မနေနဲ့ဦး..."

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now