- 14 -

10.5K 886 38
                                    

နိုင်ငံခြားကိုယ်စားလှယ်တွေနဲ့ တွေ့နေတုန်း
ဝင်လာတဲ့ phone ကြောင့်
Sehun ခွင့်တောင်းကာ ကမန်းကတန်း ပြေးလာမိသည်....

ဖုန်းထဲက ကြားရတဲ့ Jongin ရဲ့ တုန်ယင်နေတဲ့
အသံလေးကြောင့် သတိမလွတ်အောင် အာရုံမနည်းစိုက်ပြီး
ကားကိုမောင်းနေရသလို ကား accident ဆိုတာကြောင့် တစ်ဖက်က ဘာဖြစ်လဲမသိပေမယ့် Sehun ရင်ထဲမှာ Jongin ကို စိုးရိမ်တာကသာ ကြီးစိုးနေ၏...

ဒီနေ့မှ နေကောင်းခါစမို့ အလုပ်ကို ခဏထွက်သွားတဲ့
Jongin က ဘာလို့များ accident ဖြစ်ရတာလဲ....

"ရှေ့နေ Park ... (........) နေရာကို အမြန်လာပေးလာပါလား... ကျနော့် ကလေး ကား accidentဖြစ်လို့.... driver မောင်းတာ.... "

ရှေ့နေ park ဆီကို ကားမောင်းရင်း ဖုန်းခေါ်လိုက်ပြီး
Jongin ခေါ်တဲ့နေရာကို အပြေးရောက်သွားတော့..

လူတွေရော ရဲတွေရော ရူပ်ယှက်ခက်လို့....

Jongin ရော.....!!!!!

Sehun ဝေ့ဝိုက်ကာ စိုးရိမ်တကြီးနဲ့ရှာမိတော့ကားနားမှာ
Jongin ရော Driver ရောက မထွက်လာတာမို့
အပြင်ကလူတွေက ကားကို ထုရိုက်နေကြသည်....

Sehun ကားနားကိုအမြန်ပြေးသွားကာ...

"ခဏလေး... ခဏလေးပါ....
ကျနော်က ဒီကားပိုင်ရှင်ရဲ့ ခင်ပွန်းပါ....
ကျနော် တာဝန်ယူရှင်းပေးမှာမို့ နည်းနည်းလောက်
နောက်ဆုတ်ပေးကြပါလား...."

နစ်နာသူလို့ ထင်ရတဲ့ အရှေ့ဆူံးက
လူတစ်ယောက်ကို Sehun အိတ်ကပ်ထဲက
Visiting Card ကိုထုတ်ကာ ပေးလိုက်တော့မှ
ငြိမ်သွားကြသည်.....

Sehun ကိုမြင်ဖူးပုံရတဲ့ လူတစ်ချို့က
တီးတိုးပြောနေကြတာကိုလည်း ကြားရသည်....

နိုင်ငံခြားဖြစ်ကားတွေ ဖြစ်နေတဲ့ အပြင်
Sehun စီးလာတဲ့ ကား နံပါတ်နဲ့ Accident ဖစ်ထားတဲ့
Jongin ရဲ့ ကားနံပါတ်ကြောင့်လည်း ငွေညှစ်ချင်သူတွေကအဆင်သင့်...

Tsk...!!! ပြသနာက ရှည်ဦးမည်....

Sehun ကားနားကို တိုးကပ်သွားကာ...

" babe.... !!! Jongin...
အထဲမှာရှိနေတယ်မလား...
ကိုယ်ရောက်လာပြီ.. Nini ..
တံခါးဖွင့်ပေး...."

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now