- 23 -

7.4K 810 113
                                    

" ဦးလေး.. မြေကွက်က ကျနော်တို့ကို
ရောင်းဖို့သဘောတူပြီးသားလေ...
ဘာလို့ ဈေးပိုပေးတာနဲ့ အဲ့ဘက်ကို ရောင်းလိုက်ရတာလဲ..."

Jongin နဲ့  Baekhyun ခြံစည်းရိုးခတ်လိုက်ပြီဖြစ်တဲ့ မြေကွက်ကြီးကို လွန်စွာ နှမြောတသဖြစ်နေရင်း မချိတင်ကဲဖြစ်နေကြသည်...

နောက်အသစ်ဆောက်မယ့် ဓာတ်ခွဲခန်းအတွက်
ဒီနေရာက အလွန်အဆင်ပြေနေတာမို့ Jongin တူိ့လက်ထဲက ခုတ်လုသွားတဲ့ ဝယ်သူကိုလည်း လွန်စွာဒေါသထွက်မိလျက်...

" ဦးလေးတို့လည်း မောင်ရင်တို့ကို ကတိပေးပြီးပေမယ့်
ဈေးပိုပေးတာရယ် SH group က hotel ဆောက်ဖို့ ဆိုတာ
ရယ်ကြောင့်..."

" ဘာရယ်...! ဘယ်သူ SH Group ဟုတ်လား.."

ကြားလိုက်ရတဲ့ စကားကြောင့် Jongin ခေါင်းထဲမှာ Sehun မျက်နှာပြေးဝင်လာကာ  အလွန်ဒေါသထွက်သွားမိသည်...

" တောက်..! Oh sehun သိသိကြီးနဲ့..."

Jongin ရဲ့ ဒေါသထွက်နေတဲ့ မျက်နှာကြောင့် Baekhyun က ထိုလူကြီးတွေကို နှုတ်ဆက်ကာ ကားပေါ် Jongin ကိုဆွဲခေါ်ခဲ့သည်....

" ဘယ်လိုဖြစ်တာလဲ Jongin ... Sehun က ဘာလို့သိသိကြီးနဲ့... ငါတို့ ဆရာ့ကို ဘယ်လိုပြောကြမလဲ..."

ဒီ မြေနေရာမှာသာ ဓာတ်ခွဲခန်းဆောက်ဖြစ်ရင် Jongin တို့ အတွက် တန်ဖိုးဖြတ်မရတာမို့ ဆရာအပါအဝင် Team ထဲက လူတွေအားလုံးက တအားမျှော်လင့်ထားတာဖြစ်သည်...

အခူ Jongin ကြောင့်သာ Oh Sehun က ဖြတ်ခုတ်ပြီး
ဝယ်သွားတာသာ သိလျှင်...

" taskk...!!! Baekhyun အားနာပေမယ့်
မင်းtaxi နဲ့ပြန်လိုက်ပါ့လား...
ငါ oh sehun ဆီသွားလိုက်ဦးမယ်.."

Baekhyun က ခေါင်းညိတ်ပြလိုက်ရင်း

" ရတယ်... oh sehun အတွက်
ဒီမြေကွက်က အရမ်းအရေးမကြီးရင် ငါတို့ကို
ပြန်ပေးဖို့ ပြောခဲ့နော် Jongin ... ဒေါသထွက်မလာနဲ့နော်..
ဆရာက ဒီထဲမှာ သူ့တစ်ဘဝလုံးမြှုပ်နှံထားတာ ..သူလဲပြိုသွားလိမ့်မယ်..."

ကားပေါ်က ဆင်းသွားတဲ့ Baekhyun ကထု Jongin ခေါင်းညိတ်ပြလိုက်ကာ လီဗာကို ဖိနင်းလိုက်ရင်း ဒေါသထွက်ရတဲ့အကြောင်းအရင်းတရားခံဆီသို့ ဦးတည်လိုက်သည်...

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now