- 20 -

896 87 0
                                    


" ဒါက ဘာတွေလဲ....!"

ဖခင်ဖြစ်သူက ခေါ်သည်ဆိုသောစကားကြောင့်

လက်ရှိနေနေတဲ့ ကွန်ဒိုဆီကနေ သပ်ရပ်စွာဝတ်စားပြီး

ထွက်လာတာ အိမ်ကိုရောက်လာတော့ မျက်နှာထားတင်းတင်းနဲ့စာကြည့်ခန်းထဲကို ခေါ်သွားခြင်းခံရပြီး..

ယခု မျက်နှာကိုပစ်ပေါက်လာသည့် အရာတစ်ချိူ့နဲ့ အတူ

မေးခွန်းကပါ တစ်ပါတည်း...!

ကြမ်းပြင်ပေါ်က အရာတွေကို ငုံ့ကြည့်လိုက်တော့

Sehun နဲ့ Yumi တို့ရဲ့ ပုံတွေဘဲ...

" သိပြီးရင်လည်း မမေးနဲ့တော့ Appa..!"

" oh sehun...!!!!"

ဥက္ကဌ oh ရဲ့ခပ်ပြင်းပြင်းလက်သီးတစ်ချက်ကြောင့်

Sehun ယိုင်လဲသွားပေမယ့် မျက်ဝန်းတွေကတော့

အေးစက်လျှက်....

" ဘာတွေလုပ်နေခဲ့တာလဲ...

ကလေးတွေ ကို ဖျက်ချခိုင်းတာ

မင်းရဲ့ နောက်ဇာတ်လမ်းကောင်းကောင်းကလို့မရမှာစိုးလို့လား... မင်းက အဖေမဖြစ်ထိုက်တဲ့ကောင်..

အေး ... ငါတစ်ခုတော့ ဝမ်းသာတယ်..

Jongin ဗိုက်ထဲက ကလေးက ငါမဟုတ်နေတာကိုဘဲ..

မင်းလိုအတ္တကြီးတဲ့ကောင်ကို အဖေခေါ်ဖို့ လူဖြစ်မလာတာ

ငါ သိပ်ကိုကံကောင်းတာပေါ့..."

" appa...!!!!!"

နီရဲနေတဲ့ မျက်ဝန်းတွေနဲ့ Sehun ရဲ့ အော်သံကြောင့်

ဥက္ကဌ oh စိတ်ကို ထိန်းလိုက်ကာ..

" မင်း ဘာတွေလုပ်နေတာလဲ...

ငါသိတဲ့ ငါ့သား oh sehun ဆိုတာ ဒီလိုမဟုတ်ဘူး..

သိပ်ကိုထက်မြက်ပြီး မိဘထက် တော်တဲ့သားမို့

ငါတို့ အမြဲဂုဏ်ယူခဲ့ရတာ... အခုဒါက ဘာတွေလဲ Sehun ...

မင်း အစကတည်းက မိန်းမတွေကိုဘဲ ကြိုက်တတ်ရင် Jongin ကို ဒုက္ခမပေးသင့်ဘူး...!!"

ဥက္ကဌ oh စကားကြောင့်

Sehun ကနှုတ်ခမ်းလေးတွန့်ရုံပြူံးတယ်..

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now