❤️ Extra ❤️

8.5K 658 16
                                    

" ဒါလေးရော မြည်းကြည့်.. ဒါ babe ကြိုက်တယ်ရယ်.."

ဘေးနားက ကပ်ထိုင်နေတဲ့ ဆွယ်တာအဖြူ ဦးထုတ်အညိုနဲ့ကောင်လေးကို သူစားလေ့စားထမရှိတဲ့ blue berry ကိတ်ကို ပန်းကန်ထဲကနေ ဖဲ့ကျွေးတော့ ရုပ်လေးက ရှုံ့မဲ့မဲ့ နဲ့ နှုတ်ခမ်းကပါ ထော်လာသေးသည်..

Sehun စိတ်ရှည်လက်ရှည်ကျွေးနေတာမို့ အားနာသွားတာလားဘာလားတော့မသိ ပါးစပ်ကိုမဆိုသလောက်လေး ဟပြီး ကိတ်ကို လျှာဖျားလေးပေါ်တင်တယ်...

ပြီးတော့မှ မျက်လူံးလေးတောက်လာကာ နှုတ်ခမ်းလေးကပြုံးလာပြီး လက်ညိုးထပ်ထိုးကာ ပါးစပ်ဟလာပြန်တယ်...

Sehun ခပ်ဖွဖွရယ်ကာ ဦးထုတ်ချွတ်ထားတဲ့ Jongin ဆံပင်ပျော့တွေကို လက်လေးနဲ့ ဖွလိုက်ပြီး ကိတ်ကိုဖဲ့ကာထပ်ခွံ့ပေးလိုက်သည်..

ဟိုးတုန်းက blue berry ကိတ်ကို ပထမဆူံးစားဖုးတုန်းက အတိုင်းလေးဖြစ်ပျက်နေတာမို့ sehun ကြည်ကြည်နူးနူးနဲ့ဘဲ
တစိမ့်စိမ့်ကြည့်နေမိတယ်..

ကိတ်ကို ဝါးနေတဲ့ ပါးလေး ဖောင်းနေတာကို ကြည့်ရင်းအသည်းယားတာမို့ နှာတံလေးနစ်ဝင်ကာ နမ်းလိုက်လေ မျက်လုံးလေးပြူးကာ ပြန်ကြည့်ပြီး..

" sehun နော် .." ဆိုပြီး မျက်စောင်းလှည့်ထိုးတယ်...

အမှန်တော့ ဒီနေ့က သူ့မွေးနေ့ရယ်...
ဒီကြားထဲမှာ sehun ရဲ့ အလုပ်တွေတစ်ပုံရယ်
Babe ကရာထူးတက်အောင် စာမေးပွဲထပ်ဖြေတာရယ်ကြောင့် သေချာလေးမတွေ့ဖြစ်ကြ..

Jongin စာမေးပွဲပြီးတော့လည်း sehun ရဲ့ အလုပ်တွေ မပြတ်သေးတာကို သိနေတဲ့ babe က အိမ်ကိုမလာပါနဲ့ဆိုတော့ sehunမှာ သူ့ဖုန်းကိုဘဲ မျှော်ရတာအမော...

Company ကိုဆက်မှာစိုးတာကြောင့် အတွင်းရေးမှူးကို
Jongin ဖုန်းဆက်ရင် sehun ဆီမှာ ဘာအလုပ်မှ အထွေထူးမရှိဘူးလို့ ဖြေခိုင်းဖို့မှာရသေးတယ်...

ဒါပေမဲ့ အလိုက်သိလွန်းတဲ့ sehun ရဲ့ ကလေးပေါက်စက ဖုန်းပင်မဆက်ပါချေ...

မလွမ်းဘူးလားမသိ... အရင်က အကြောင်းတွေမမှတ်မိလို့
Sehun ကို မချစ်တော့ဘူးလားဆိုတော့လည်းမဟုတ်...
မိဘတွေသဘောတူလို့ တွေ့နေရတယ်ဆိုပေမယ့် sehun ကို သံယောဇဉ်ရှိတယ်လို့ သူကိုယ်တိုင်ဝန်ခံထားတာဘဲကို..

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now