-22-

7.6K 808 157
                                    

မထင်မှတ်ထားတဲ့ နာကျင်ခြင်းများက
တိုက်စားပါများသွားတဲ့ အခါ အသည်းနှလုံးက
အလုပ်မလုပ်တော့ဘူးထင်ပါရဲ့...

" Jongin ... မနက်ဖြန်ကျရင် ငါတို့ ဓာတ်ခွဲခန်းအသစ်အတွက်ဟိုနေ့က ရှာတွေ့ထားတဲ့ မြေကွက်သွားကြည့်ကြမယ်နော်.."

လက်အိတ်ကို ချွတ်ရင်း Baekhyun သတိပေးတာကို
Jongin ခေါင်းညိတ်ပြလိုက်ရင်း လက်ထဲက ပြဒါးတိုင်ကို အသာချလိုက်သည်....

ထမင်းစားချိန်မို့ ဂျူတီကုတ်ကို ချွတ်ကာ
ချိတ်ထားခဲ့ပြီး Baekhyun နဲ့ အတူတူ
ထမင်းစားဆောင်ဘက်ကို ထွက်လာလိုက်တော့၏..

" ထမင်းစားဆောင်မှာ တွေ့ကြမယ် dr.Kim .."

ဘေးနားက လုပ်ဖော်ကိုင်ဖက် အချို့ က နှုတ်ဆက်သွားတော့ Jongin အသာပြုံးပြရင်း နှုတ်ဆက်လိုက်သည်...

Dr.Kim ... ဟုတ်သည်..
ခဏတာ အငှားရသလို SH လုပ်ငန်းစု၏ သမက်ဆိုသော
Oh Jongin ဆိုသော နာမက ကွယ်ပျောက်ခဲ့ပြီမှာ ၃လရှိပြီ..

ရက်သားလေးနဲ့ ဆူံးပါးသွားသော ကလေး၂ယောက်လူံးကိုတွေးမိတိုင်း သွေးနုသားနုနဲ့ သေမလို စိတ်ထိခိုက်နေချိန်မှာ သိခဲ့ရတဲ့ oh sehun နဲ့ မိန်းမတစ်ယောက်တို့၏ လွန်လွန်ကြုးကြူးဇာတ်လမ်းကို ပြန်တွေးမိတိုင်း ဆတ်ဆတ်ခါအောင် နာသည့် အသည်းကြောင့် Jongin သူနဲ့ လမ်းခွဲခဲ့ပြီ...

တစ်ယောက်တည်းတော့မဟုတ်
၂ဦး၂ဖက် စိတ်နာခြင်းများနဲ့ လမ်းခွဲခြင်းဆိုလည်းမမှား..

ပိုင်ဆိုင်မှုတွေကြောင့် တရားရုံးက ဆူံးဖြတ်ချက်ကို စောင့်ဆိုင်းနေပေမယ့် ကိုယ့်အိမ်ကိုပြန်နေတာ ၃လရှိပြီ...

မီနူးထဲမှာ ပါလာသည့် ကြက်ဥလိပ်ကြောင့်
အတူစားဖူးခဲ့တဲ့ ထမင်းဝိုင်းကို သတိရမိသွားတာမို့
ဝါးလက်စ ထမင်းပင် မြိုချဖို့ ခက်ခဲသွား၏...

" SH လုပ်ငန်းစု၏ အသက်အငယ်ဆူံး Heir oh sehun ဟာ
ဒီနှစ် အတွင်း ဝင်ငွေပေါင်းကြောင့် အသက်၃၀အောက်အသက်အငယ်ဆူံး ဘီလျံနာ အဖြစ် စာရင်းဝင်လာ...
ဘီလျံနာအဖြစ်သို့ရောက်ရှိသွားခြင်းက သူ့ရဲ့ ကွာရှင်းခြင်းမှာတရားရုံးအဆုံးအဖြတ်ကို သက်ရောက်မလား စောင့်ကြည့်နေကြ..."

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now