- 4 -

13.8K 1.2K 13
                                    

"Nini... ည​နေ​စော​စောပြန်​လာခဲ့​နော်​.. အ​မေတို့နဲ့ အတူ ညစာစားရမှာ မှတ်မိတယ်​မလား..."

Coffee တစ်​ငုံ​သောက်​လိုက်​ပြီး Sehun မနက်​စာ breakfast ဝိုင်းမှာ ​ပြောလိုက်​တဲ့ စကား​ကြောင့်​ Jongin မျက်​နှာ အနည်းငယ်​ပျက်​သွားမိသည်​...

ဒုက္ခ ပါဘဲ... ဒီည dinner ချိန်းထားတာရှိတယ်​....

"ဟို​လေ... Hun..."

လက်​ထဲက ​ပေါင်​မုန့်​မီးကင်​ကို ချပြီး sehun ကို​ခေါ်လိုက်​​တော့ သတင်းစာဖတ်​​နေတဲ့ Sehun က မျက်​ခူံးတစ်​ဖက်​​ပင့်​ပြကာ ​ပြောဆို​သော style နဲ့....

Jongin ​ပြောရမှာ အနည်းငယ်​ စိုးရွံမိ​ပေမယ့်​ မ​ပြောလို့မှ မဖြစ်​တာ...

Project တစ်​ခုလုံး ရင်းနှီးထားတဲ့ ကိစ္စကြီးကို...

"ည​နေ ကျရင်​ ကျ​နော်​ အလုပ်​ကိစ္စနဲ့ dinnerချိန်းထားတာ ရှိတယ်​...."

သတင်းစာ စာရွက်​ကို လှန်​​နေတဲ့ Sehun လက်​​တွေ ရပ်​တန့်​သွားပြီး မျက်​​မှောင်​တစ်​ချက်​ကျုံ့သွား​ပေမယ့်​ ဘာမှမဖြစ်သ​လိုဘဲ....

"ဖျက်​လိုက်​ Nini... "

"Hun...!!!"

မတ်​တပ်​ရပ်​လိုက်​တဲ့ Jongin ကို Sehun က မျက်​လွှာပင့်​ကြည့်​ရင်း သတင်းစာကို ​ခေါက်​ကာ စားပွဲ​ပေါ်ပစ်​တင်​လိုက်​ပြီး...

"မင်းရဲ့ project က ဘယ်​​လောက်​ကုန်​​မှာလဲ​ပြော.. ည​နေ အဲ့ sponcer နဲ့ သွားမ​တွေ့နဲ့.. ကုန်​ကျမယ့်​ ပိုက်​ဆံ ငါအကုန်​ထုတ်​​ပေး​မယ်​..."

"အခု... Sehun ကျ​နော့်​ကို ​ငွေစကား​ပြော​နေတာလား...
ပြီး​တော့ sehun ကျ​နော့်​ကို stalk ​နေတာလား...."

မယုံနိင်​တဲ့ မျက်​နှာ​​နဲ့ ​မေးလာတဲ့ Jongin စကား​တွေ​က မှန်​​နေတာမို့ Sehun မျက်​နှာလွှဲရင်း ဘာ​ဖြေရှင်းချက်​မှ ​မ​ပေးမိ..

"တကယ်​ဘဲလား...
ခင်​ဗျား ကျ​နော့်​ကို မယုံဘူးဘဲ... သိပ်​စိတ်​ပျက်​ဖို့​​ကောင်းတယ်​..."

ခုံ​ပေါ်တင်​ထားတဲ့ အိတ်​ကိုဆွဲကာ ​ဒေါသတစ်​ကြီးနဲ့ Jongin ထွက်​သွား​ပေမယ့်​ Sehun လိုက်​မဆွဲမိ....

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now