- 5 -

1.1K 127 0
                                    




"ကျနော် ခရီးသွားရမယ် Sehun...."

Sehun ရေချိူးပြီး bathroom ထဲက ထွက်လာတော့ ကုတင်ပေါ်မှာ ထိုင်နေတဲ့ Jongin ပြောလိုက်တဲ့စကားကြောင့် မျက်မှောင်တွေ တွန့်ကုတ်သွားပြီး...

"မသွားရဘူး....."

အဝတ်ဗီရိုကို ဖွင့်လိုက်ရင်း ပြတ်သားစွာပြောလိုက်တဲ့ Sehun စကားကြောင့် Jongin စိတ်ရူှပ်သွားရပြီး..

"မသွားလို့ မဖြစ်လို့ပါ Sehun... ဂျပန်ကိုရောက်မယ့် ပစ္စည်းက ကျနော့်နာမည်နဲ့မို့ကျနော်သွားထုတ်မှ ရမှာ.... "

"မသွားနဲ့လို့ပြောနေတယ်လေကွာ... ကိုယ်ခွင့်မပြုဘူး....!!"

Jongin ထပ်အတွန့်တက်တာကို ဗီရိုတံခါးကို အသံမြည်အောင် ပိတ်လိုက်ပြီး အော်လိုက်တဲ့ sehun ကြောင့် Jongin စိတ်တိုသွားကာ....

"ဘာဖြစ်လို့မသွားရမှာလဲ.... ကျနော့် အလုပ်ကိစ္စလေ...

Sehun ဒါတွေကို နားလည်မပေးနိုင်ဘဲ ဘာလို့ ကျနော့်ကို လက်ထပ်ခဲ့တာလဲ....!!"

ပြန်အော်လိုက်တဲ့ Jonginစကားကြောင့် sehun လက်ထဲမှာ ကိုင်ထားတဲ့ ရှပ်အကျီအဖြူကို လူံးချေကာ လွင့်ပစ်လိုက်ပြီး....

"ချစ်လို့ကွ....ငါမင်းကို ချစ်လို့ယူထားတာ... မင်းအလုပ်ကို ချစ်လို့ ငါမင်းကို ယူထားတာမဟုတ်ဘူး....."

တဘက်အဖြူကိူ ခါးမှာ ပတ်ထားပြီး ခါးထောက်ထားတဲ့ sehun ရင်ဘက်က ကြွက်သားတွေမှာ ရေစက်တွေတွဲခိုနေတာ sexy ကျလွန်းနေပေမယ့် jongin ကတော့ သွေးထွက်အောင်သာ ကူတ်ဖဲ့ပြစ်လိုက်ချင်သည်...

Jongin ကုတင်ပေါ်ကနေ ထိုင်ရာကထလိုက်ပြီး...

"Sehun ကျနော့်ကို ချစ်တယ်ဆ်ိုရင် နားလည်ပေးရမှာ မဟုတ်ဘူးလား.... sehun ယူထားတဲ့ကျနော်က အလုပ်လက်မဲ့မှ မဟုတ်တာ..."

"ဟေ့... ဒီမှာ မင်းတစ်ယောက်ကို ငါဆယ်သက်ဖြုန်းမကုန်အောင်ထားနိုင်တယ်ကွ... မင်းဟာမင်းအပိုတွေလုပ်ပြီး ဇယားတွေရူှပ်နေတာ..."

Jongin ဝါသနာကို အစော်ကားခံလိူက်ရတာမို့ ဆတ်ဆတ်ခါအောင်နာသွားမိသည်...

ဘယ်သူကရော ငွေမရှိလို့ သူ့ကိုယူထားလို့လဲ...

Jongin တို့ သူ့လောက်မချမ်းသာရင်တောင် အချမ်းသာဆူံး စာရင်းတွေထဲပါသည်အထိ မိျိူးရိုးစဉ်ဆက် ချမ်းသာခဲ့တာပါ..

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now