- 5 -

12.3K 1.1K 40
                                    

"ကျ​နော်​ ခရီးသွားရမယ်​ Sehun...."

Sehun ​ရေချိုး​ပြီး bathroom ထဲက ထွက်​လာ​တော့ ကုတင်​​ပေါ်မှာ ထိုင်​​နေတဲ့ Jongin ​ပြောလိုက်​တဲ့စကား​ကြောင့်​ မျက်​​မှောင်​​တွေ တွန့်​ကုတ်​သွားပြီး...

"မသွားရဘူး....."

အဝတ်​ဗီရိုကို ဖွင့်​လိုက်​ရင်း ပြတ်​သားစွာ​ပြောလိုက်​တဲ့ Sehun စကား​ကြောင့်​ Jongin စိတ်​ရှူပ်​သွားရပြီး..

"မသွားလို့ မဖြစ်​လို့ပါ Sehun... ဂျပန်​ကို​ရောက်​မယ့်​ ပစ္စည်းက ကျ​နော့်​နာမည်​နဲ့မို့ကျ​နော်​သွားထုတ်​မှ ရမှာ.... "

"မသွားနဲ့လို့​ပြော​နေတယ်​​လေကွာ... ကို​ယ်​ခွင့်​မပြုဘူး....!!"

Jongin ထပ်​အတွန့်​တက်​တာကို ဗီရိုတံခါးကို အသံမြည်​​အောင်​ ပိတ်​လိုက်​ပြီး ​အော်​လိုက်​တဲ့ sehun ​​ကြောင့်​ Jongin စိတ်​တိုသွားကာ....

"ဘာဖြစ်​လို့မသွားရမှာလဲ.... ကျ​နော့်​ အလုပ်​ကိစ္စ​လေ...
Sehun ဒါ​တွေကို နားလည်​မ​ပေးနိုင်​ဘဲ ဘာလို့ ကျ​နော့်​ကို လက်​ထပ်ခဲ့တာလဲ....!!"

ပြန်​​အော်​လိုက်​တဲ့ Jonginစကား​ကြောင့်​ sehun လက်​ထဲမှာ ကိုင်​ထားတဲ့ ရှပ်​အကျီအဖြူကို လူံး​ချေကာ လွင့်​ပစ်​လိုက်​ပြီး....

"ချစ်​လို့ကွ....ငါမင်းကို ချစ်​လို့ယူထားတာ... မင်းအလုပ်​ကို ချစ်​လို့ ငါမင်းကို ယူထားတာမဟုတ်​ဘူး....."

တဘက်​အဖြူကို ခါးမှာ ပတ်​ထားပြီး ခါး​ထောက်​ထားတဲ့ sehun ရင်​ဘက်​က ကြွက်​သား​တွေမှာ ​ရေစက်​​တွေ​တွဲခို​နေတာ sexy ကျလွန်း​နေ​ပေမယ့်​ jongin က​တော့ ​သွေးထွက်​​အောင်​သာ ကူတ်ဖဲ့ပြစ်​လိုက်​ချင်​သည်​...

Jongin ကုတင်​​ပေါ်က​နေ ထိုင်​ရာကထလိုက်​ပြီး...

"Sehun ကျ​နော့်​ကို ချစ်​တယ်​ဆိုရင်​ နားလည်​​ပေးရမှာ မဟုတ်​ဘူးလား.... sehun ယူထားတဲ့ကျ​နော်​က အလုပ်​လက်​မဲ့မှ မဟုတ်​တာ..."

"​ဟေ့... ဒီမှာ မင်းတစ်​​ယောက်​ကို ငါဆယ်​သက်​ဖြုန်းမကုန်​​အောင်​ထားနိုင်​တယ်​ကွ... မင်းဟာမင်းအပို​တွေလုပ်​ပြီး ဇယား​တွေရှူပ်​​နေတာ..."

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now