Final

1.9K 111 2
                                    

"Sir ... ဒီမှာ ယူလာခိုင်းတဲ့ အကျီတွေပါ..."

ဆေးရုံခန်းထဲကို ဝင်လာတဲ့ PA ဖြစ်သူ ကမ်းပေးလာတဲ့ အထုတ်ကိူ Sehun လှမ်းယူလိုက်ပြီး...

" ငါ ဈာပနကို ခဏသွားမှာမို့ ကားအဆင့်သင့်လုပ်ထားပေးပါ..."

Sehun အိတ်ထဲက ကူတ်အကျီအမဲကို ယူဝတ်လိုက်ရင်း မှာလိုက်တဲ့ စကားကို

ခေါင်းညိတ်ပြကာ PA ထွက်သွားတော့မှ သက်ပြင်းအသာချရင်း ဆေးရုံကုတင်ဘေးက ခုံမှာ ခဏထိုင်ချလိုက်သည်...

" ဘေဘီ...! "

Sehun စကားဆက်မပြောဘဲ Jongin လက်ဖဝါးလေးကို

ဆုပ်ကိူင်လိုက်သည် ပြီးမှ အသက်ခပ်ပြင်းပြင်းရှူသွင်းလိုက်ရင်း မပြောချင်တဲ့ စကားတစ်ခု ကို ဘေဘီကို အသိပေးဖို့ ထုတ်ပြောရသည်...

" ဒီနေ့....

.

.

. Baekhyunရဲ့ ဈာပန ဘေဘီ...

ကိုယ် ဘေဘီသူငယ်ချင်းကို မကယ်လိုက်နိုင်ဘူး...

တောင်းပန်ပါတယ်..."

ဆုပ်ကိုင်ထားတဲ့ လက်ဖဝါးလေးကို Sehun ဖိနမ်းလိုက်ပေမယ့် Jongin မျက်နှာကို မကြည့်ရက်....

ဦးခေါင်းခွံတစ်ခုလုံး အက်သည်အထိ အရိုက်ခံထားရတာမိူ့ ၂ရက်နီးပါးခွဲစိတ်ခန်းထဲမှာ အသက်လုပြီး ကယ်ထားရတဲ့ Jongin ဟာ ဦးခေါင်းတစ်ခုလုံး ပတ်တီးအပြည့်...

ခွဲစိတ်ခန်းထဲမှာ ရှိတဲ့ ဘေဘီကို စောင့်နေရတုန်း

အပြင်ကို ပြေးထွက်လာပြီး သွေးအိတ်ပြေးယူကြတဲ့

သူနာပြုတွေကို မြင်တိုုင်း Sehun နှလုံးခုန်သံတွေ ရပ်လုလုနီးနီးပင်...

စတီးချောင်းထည့်ထားရတဲ့ ညာဘက်ခြေထောက်ကလည်း

Sehun ရဲ့ အပြစ်တွေကို မီးမောင်းထိုးပြနေသလိုပါဘဲ..

Sehun ဒီ့ထက်နည်းနည်းလေးသာ နောက်ကျမှ ရှာတွေ့ခဲ့ရင်

ဘေဘီကို Baekhyun လို လက်လွှတ်လိုက်ရမှာပင် ဖြစ်သည်...

ပွန်းပဲ့ရာ နဲ့ သွေးခြေဥရာတွေ အပြည့်ရှိနေတဲ့ ခန္တာကိုယ်လေးကို ရေပတ်တိုက်ပေးတိုင်း Sehun မျက်ရည်ကျရမြဲ...

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now