- 18 -

11.3K 1K 235
                                    

" မင့်ဟာက ၃လဘဲရှိသေးတယ်....
တော်တော်ကြီးကို ပူနေပြီနော်.."

Baekhyun က Jongin ဗိုက်ကို ငုံ့ကြည့်ရင်းပြောတော့
Jongin စပ်ဖြဲဖြဲနဲ့ ရီပြလိုက်ကာ...

"မင်းကလည်း အမွှာလေကွာ.... !
ဒီလောက်တော့ရှိမှာပေါ့... ပြီးတော့ ငါကတစ်ချိန်လူံး စားနေတာ..."

ဟိုတစ်လောလေးက အတော်လေးနေမကောင်းဖြစ်လိုက်ပေမယ့် Jongin က အခုတော့ အဆင်ပြေနေပုံပါဘဲ...

Baekhyun ဒီဘက်ကိုလာရင်း Jongin တို့အိမ်ကိုဝင်လာပြီး မတွေ့တာကြာပြီမို့ ဝင်နှုတ်ဆက်တာ...

သစ်တော်သီးတွေကို ပလုတ်ပလောင်းစားနေတဲ့ Jongin က
ကလေးဆန်သွားလိုက်တာ... အရင်က ဒီလိုပုံတစ်ခါမှ မမြင်ဖူး..

" Baekhyun ..အအေးသောက်လေ..!"

အပေါ်ထပ်က ဆင်းလာတဲ့ Sehun က Baekhyun ကိုလှမ်းပြောတော့ ခေါင်းညိတ်ပြလိုက်တယ်...

" ကိုကို... spaghetti စားချင်တယ်...!"

အရှေ့က sofa မှာ Sehun ဝင်ထိုင်ရုံရှိသေး
Jongin က တောင်းဆိုလိုက်တာကြောင့် Baekhyun မျက်ခူံးတွေမြင့်တက်သွားသည်...

ကိုကိုဆိုဘဲ...!

" အိုခေ... ကိုယ်လုပ်ပေးမယ်..
ဒါပေမဲ့ သစ်တော်သီးတွေ စားတာတော်တော့..
ပေပွလို့...ကြည့်ဦး...!"

Sehun ကပြောလည်းပြော လက်ကလည်းသစ်တော်သီးစိတ်တွေ ထည့်ထားတဲ့ ဘူးကို ပိတ်နေလေသည်...

Jongin ပါးစပ်မှာ ပေပွနေတာတွေကို Sehun ကသုတ်ပေးမယ်ထင်တာမို့ Baekhyun ကိုယ့်အရှေ့နားက Tissue ဘူးကို Sehun ကိုကမ်းပေးလိုက်စဉ်မှာဘဲ...

"ပြွတ်..!"

ဟင်... တစ်ရှူးဘူးကိုင်ထားတဲ့ Baekhyun လက်လေးကြောင်တောင်တောင်ဖြစ်သွားကာ Tissue ဘူးကြီးကို ခပ်ရှက်ရှက်နဲ့ လွှတ်ချလိုက်သည်...

Sehun က Jongin နှုတ်ခမ်းမှာ ပေပွနေတာကို သူ့နှုတ်ခမ်းနဲ့ စုတ်ယူလိုက်တာကို မြင်လိုက်ရတာမို့ Baekhyun မှာ ကျောရိုးကြီးက ထောင်တက်လာသလို ဆံပင်တွေဘဲထောင်ကုန်သလို....

သူတစ်ယောက်လုံးရှိနေတာကို ဘာတွေ လုပ်နေကြတာလဲ..

အရှက်ကြီးတဲ့ Jongin ကလည်း ဘာမှမဖြစ်သလိုရုပ်နဲ့...

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now