- 7 -

11.2K 1.1K 22
                                    

"Japan နိုင်​ငံသို့ ထွက်​ခွာမည့်​ flight.... သည်​ မကြာမီပျံသန်း​တော့မှာ ဖြစ်​​သော​ကြောင့်​ ခရီးသည်​များ...."

လေယာဉ်​လည်းထွက်​​တော့မှာမို့ Jongin luggage ​လေးကိုဆွဲကာ ခုံမှထရပ်​လိုက်​သည်​...

လက်​ထဲက Passport​လေးနဲ့ Air Ticket ​လေးကို ငုံ့ကြည့်​လိုက်​ပြီး...

"Sehun မလာ​တော့ဘူးထင်​ပါတယ်​..."

Jongin ကိုယ့်​ဘာသာ အား​ပေးသလို​လေး ပြုံးလိုက်​ပြီး ​ခြေလှမ်း​တွေကို ပင့်​သက်​တစ်​ချက်​ရှိုက်​ရင်း စလှမ်းလိုက်​သည်​...

တစ်​လှမ်း.....

နှစ်​လှမ်း.....

သုံးလှမ်း.....

Jongin ​မျှော်​လင့်​ထားသလို sehun ​ပေါ်မလာပါ...

မနက်​က သွားခါနီးအထိ sehunနဲ့ Jongin တို့ အကြီးအကျယ်​ရန်​ဖြစ်​ခဲ့ကြ​သေးသည်​....

Sehun ကလည်း​တောက်​​လျှောက်​အဖျားမကျတာမို့ jongin မသွားချင်​​ပေမယ့်​ ​ပေးထားတဲ့ ကတိ​တွေ နဲ့ jongin အလုပ်​မှာ တာဝန်​ခံထား​တာ​တွေကရှိ​သေးသည်​...

Sehun ​သောက်​ဖို့​ဆေး​တွေ ​​ပေးထားခဲ့​ပေမယ့်​ ပုံမှန်​မ​သောက်​မှာလည်း jongin စိုးရိမ်​မိ​သေးသည်​...

အလုပ်​ကိစ္စနဲ့အကြိမ်​​ပေါင်းများစွာ ခရီးထွက်​​ဖူး​ပေမယ့်​ jongin ဒီတစ်​ခါ​လောက်​ တစ်​ခါမှ ​နောက်​ဆံမတင်းဖူး...

"လက်​မှတ်​​လေးပြပါ ခင်​ဗျာ...."

လက်​မှတ်​စစ်​မယ့်​သူကိုပြူံးပြလိုက်​ပြီး လက်​ထဲက ticket ​လေးကို ထည့်​​ပေးခါနီးဆဲဆဲမှာ ရုတ်​တရတ်​ တစ်​စုံတစ်​​ယောက်​က ဆွဲလုတာခံလိုက်​ရသလို jongin လက်​ကိုလည်း ခပ်​​နွေး​နွေးလက်​တစ်​​ဖက်​က လာ​ရောက်​ဆုပ်​ကိုင်​​လေသည်​....

Jongin ရုတ်​တရက်​မို့ လန့်​သွားပြီး ​မော့ကြည့်​လိုက်​​တော့....

"Sehun!!!!!"

Sehun က Jongin လက်​ကို​ဆောင့်​ဆွဲပြီး...

"လာလိုက်​ခဲ့...."

Jongin မှာ ​တွေးချိန်​​တောင်​မရလိုက်​ဘဲ sehun ဆွဲတဲ့​နောက်​ ခလုတ်​တိုက်​လုမတတ်​ ပါသွား​လေသည်​....

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now