- 17 -

928 86 0
                                    

" Nini .... မသက်သာရင် ကိုယ်တို့ဆေးရုံသွားကြမယ်.."

အန်လွန်းလို့ Jongin ရဲ့ မျက်နှာတစ်ခုလုံးရော နှုတ်ခမ်းတွေရောက ဖြူဖျော့နေပြီ...

၂လကျော်ပြီး နောက် တစ်ပတ်လုံးလူံး ဘာမှမစားဘဲ အန်နေတဲ့ Jongin ကိုကြည့်ပြီး Sehun လည်းစိတ်မချမ်းသာ....

" ထပ်..အန်ချင်သေးလား..."

Sehun က နောက်ကျောလေးကို ဖိပေးရင်းမေးတော့ Jongin က လူှပ်တယ်ဆိုရုံလေး ခေါင်းခါပြတယ်...

Sehun သက်ပြင်းခပ်ဖွဖွချရင်း Jongin ရဲ့ မျက်ရည်တွေရော နှပ်တွေရောကို အနားက တစ်ရှုးလေးယူကာ သုတ်ပေးလိုက်ပြီး Jongin ကိုကောက်ပွေ့လိုက်သည်...

လူကသာ ဘာမှမစားဘဲ အန်နေတာ အထဲက ကလေးကြောင့် weight ကတော့ တက်လာသည်....

ကုတင်ပေါ်ကို အသာချပေးလိုက်ပေမယ့် Sehun ကိုဖက်ထားတာမလွှတ်....

တရှှုံ့ရှှုံ့နဲ့ ငိုနေပြန်သည်.....

" babe.... ဘယ်နားက နာလို့လဲ...

ကိုယ့်ကိုပြော..... ဟင်... Innie..."

မျက်ရည်ပေါက်ကြီးတွေ လှိမ့်ခနဲ လှိမ့်ခနဲ ကျပြီး

တစ်ခွန်းမှ မပြောဘဲ ငိုနေတဲ့ Jongin ကို Sehun က ခပ်ဖွဖွဖက်ထားရင်း ချော့မော့ကာ မေးရသည်.....

ဟူး...ကလေးတစ်ယောက် မွေးရတာ တကယ်မလွယ်ပါလား..

Sehun တောင် ဒီလောက်ခေါင်းကြိမ်းနေရရင် Jongin သာဆို..

"Himp...! Hun..... "

"ဟင်... ပြော... ပြော... babe ဘာလုပ်ချင်လဲ.. ကိုယ့်ကိုပြော..."

ပျာပျာ သလဲ Sehun ကမေးပေမယ့် Jongin က Sehun ရင်ခွင်ထဲကို ဘဲတိုးဝင်သွားကာ...

"ကျနော်..ကျနော်က ဘာမှအသုံးမကျဘူးမလားဟင်..အီး..ဟီး...."

အော်ငိုလိုက်တဲ့ Jongin ကြောင့် Sehun ခေါင်းမြွေပေါက်သွားသလိုပင်...

စိတ်ဓာတ်အတက်အကျတွေများနေတာသိပေမယ့် ဒီလိုကြီးတွေးနေမယ်လို့ မထင်ထား....

"ဟာ... မဟုတ်ပါဘူး.. Nini ရယ်...

Nini က ကိုယ့်အတွက်ရော ကလေးလေးအတွက်ပါ

အကောင်းဆူံးသူလေ... မငိုရဘူးလေ.... ခေါင်းကိုက်နေတာပိုဆိုးမှာပေါ့... တိတ်နော်... မတွေးနဲ့တော့... "

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now