- 15 -

10.6K 896 34
                                    

" သွေးနည်းနည်းဆင်းသွားတာပါ...
၂ပတ်ဘဲ ရှိသေးတယ်...
မင်းအချိန်မှီခေါ်လာနိုင်လို့
ဘာမှမဖြစ်သွားတာ တော်သေးတယ်လို့ ပြောရမယ်...
မင်းတို့၂ယောက်လုံး ကလေးရှိနေတာမသိဘူးလား....."

မင်ဝူးရဲ့ စကားကြောင့် Sehun က သက်ပြင်းအသာချကာ ခေါင်းခါပြလိုက်ပြီး...

" မသိဘူး.... ဘာမှမဖြစ်သွားတာ တော်ပါသေးရဲ့ကွာ..."

စိုးရိမ်ပူပန်နေတဲ့ Sehun ရဲ့ ပုခူံးကို မင်ဝူးက အသာလေး
ပူတ်လိုက်ကာ....

"ဘာမှမဖြစ်တော့ပါဘူး...
နောက်ပိုင်းပိုဂရုစိုက်ပေးနော်...ဒီလို
ဖြစ်ထားတော့ ထပ်အမှားခံလို့မရဘူး...
Jongin လည်းနားလည်မှာပါ..သူလည်းဆရာဝန်ဘဲ..."

Sehun ခေါင်းညိတ်လိုက်ပြီး လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့
Jongin လက်ဖမိုးလေးကို ခပ်ဖွဖွ နမ်းလိုက်သည်....

"ဘယ်အချိန် သတိရမှာလဲ...."

Sehun စကားကြောင့် မင်ဝူးက လက်ထဲက နာရီကို
ကြည့်လိုက်ကာ...

"နောက် တစ်နာရီလောက်နေရင် သတိရလိမ့်မယ်...
Accident ဖြစ်ထားတာဆိုတော့ ဓာတ်မှန်ရိုက်ကြည့်ချင်ပေမယ့် x ray ကကိုယ်ဝန်ဆောင်သည်ရိုက်လို့မရဘူး...."

မင်ဝူးစကားကြောင့် Sehun ရင်ထိတ်သွားရပြန်သည်...

" သူက ဘာမှမဖြစ်ဖူးလို့ပြောတယ်...
ဒါပေမဲ့ ငါသိပ်စိတ်မချဘူး.. ပြီးတော့
ငါ ခလေးကိုရော စိုးရိမ်နေတယ်... Nini က ဆေးသောက်နေတဲ့ ကြားထဲက ရတာဆိုတော့ ကလေးမှာ တစ်ခုခုမှားနေမှာ
ငါအရမ်းကြောက်တယ်...."

Sehun ပြောရင်း မျက်ရည်တောင် စို့လာသည်...

မလိုချင်တဲ့ကြားထဲက ရလာတဲ့ ကလေးလေးမို့
Jongin က မကြည်ဖြူလျှင်ရော....

Sehunကိုယ်တိုင်လည်း Jongin ဆီကနေ
ဒီလို ကလေးလေးရှိလာလိမ့်မယ်ဆိုတာ
လုံးဝကို မမျှော်လင့်ထားတော့တာလေ...

"အရမ်းကြီးတော့ မစိုးရိမ်ပါနဲ့ sehun....
မလိုချင်သေးတဲ့ကြားထဲကတောင် ကလေးလေးက
ကံကောင်းလွန်းလို့ ရောက်လာတာလေ...
မင်းပြောထားတဲ့ အငှားကိုယ်ဝန်ကိစ္စကတော့
မလိုတော့ဘူးထင်တယ်...."

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now