- 20 -

11K 1K 127
                                    

" ဒါက ဘာတွေလဲ....!"

ဖခင်ဖြစ်သူက ခေါ်သည်ဆိုသောစကားကြောင့်
လက်ရှိနေနေတဲ့ ကွန်ဒိုဆီကနေ သပ်ရပ်စွာဝတ်စားပြီး
ထွက်လာတာ အိမ်ကိုရောက်လာတော့ မျက်နှာထားတင်းတင်းနဲ့စာကြည့်ခန်းထဲကို ခေါ်သွားခြင်းခံရပြီး..

ယခု မျက်နှာကိုပစ်ပေါက်လာသည့် အရာတစ်ချို့နဲ့ အတူ
မေးခွန်းကပါ တစ်ပါတည်း...!

ကြမ်းပြင်ပေါ်က အရာတွေကို ငုံ့ကြည့်လိုက်တော့
Sehun နဲ့ Yumi တို့ရဲ့ ပုံတွေဘဲ...

" သိပြီးရင်လည်း မမေးနဲ့တော့ Appa..!"

" oh sehun...!!!!"

ဥက္ကဌ oh ရဲ့ခပ်ပြင်းပြင်းလက်သီးတစ်ချက်ကြောင့်
Sehun ယိုင်လဲသွားပေမယ့် မျက်ဝန်းတွေကတော့
အေးစက်လျှက်....

" ဘာတွေလုပ်နေခဲ့တာလဲ...
ကလေးတွေ ကို ဖျက်ချခိုင်းတာ
မင်းရဲ့ နောက်ဇာတ်လမ်းကောင်းကောင်းကလို့မရမှာစိုးလို့လား... မင်းက အဖေမဖြစ်ထိုက်တဲ့ကောင်..
အေး ... ငါတစ်ခုတော့ ဝမ်းသာတယ်..
Jongin ဗိုက်ထဲက ကလေးက  ငါမဟုတ်နေတာကိုဘဲ..
မင်းလိုအတ္တကြီးတဲ့ကောင်ကို အဖေခေါ်ဖို့ လူဖြစ်မလာတာ
ငါ သိပ်ကိုကံကောင်းတာပေါ့..."

" appa...!!!!!"

နီရဲနေတဲ့ မျက်ဝန်းတွေနဲ့ Sehun ရဲ့ အော်သံကြောင့်
ဥက္ကဌ oh စိတ်ကို ထိန်းလိုက်ကာ..

" မင်း ဘာတွေလုပ်နေတာလဲ...
ငါသိတဲ့ ငါ့သား oh sehun ဆိုတာ ဒီလိုမဟုတ်ဘူး..
သိပ်ကိုထက်မြက်ပြီး မိဘထက် တော်တဲ့သားမို့
ငါတို့ အမြဲဂုဏ်ယူခဲ့ရတာ... အခုဒါက ဘာတွေလဲ Sehun ...
မင်း အစကတည်းက မိန်းမတွေကိုဘဲ ကြိုက်တတ်ရင် Jongin ကို ဒုက္ခမပေးသင့်ဘူး...!!"

ဥက္ကဌ oh စကားကြောင့်
Sehun ကနှုတ်ခမ်းလေးတွန့်ရုံပြူံးတယ်..

" မဟုတ်ပါဘူး...
ကျနော် အရင်ကတော့ appa တို့ပေးစားခဲ့တဲ့
ကောင်လေးကိုဘဲ သဘောကျခဲ့တာ.. ချစ်ခဲ့တာ..
ဒါပေမဲ့ အခုကစပြီး မိန်းမတွေကို သဘောကျဖို့
ကြိုးစားကြည့်မလို့..ကျနော်လည်း ယောကျာ်းဘဲ..!"

Sehun စကားကြောင့် အဖေဖြစ်သူရဲ့
မျက်မှောင်တွေကျူံ့သွားပြီး အတန်ငယ်စဉ်းစားဟန်ပြုကာ..

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now