- 9 -

979 109 0
                                    


"Jongin... သား အောက်မှာ sehun ရောက်နေတယ်

.."

အခန်းတံခါးကို လာခေါက်ပြီး အပြင်ကနေ ပြောတဲ့ မေမေ့စကားကြောင့် Jongin စောင်ကို တင်းနေအောင်ခြူံလိူက်ပြီး....

"ကျနော်သူနဲ့ မတွေ့ချင်သေးဘူး.. မေမေ.. ပြန်လွှတ်လိုက်.."

Jongin ကိုအမြဲအလိုလိုက်ခဲ့တဲ့ မေမေကတော့ သူမပီသစွာနဲ့ပင် ချက်ချင်းအိမ်အောက်သိူ့ပြန်ဆင်းသွားတာကို ခြေသံတွေအရ Jongin သိလိုက်သည်...

Jongin ကုတင်ပေါ်မှာ ငုတ်တုပ်ထထိုင်လိုက်ရင်း....

အဲ့ဒီနေ့က Sehun ပြောတဲ့စကားကြောင့် Jongin မဲ့ပြူံးပြူံးမိပြန်သည်...

"ကလေးယူမယ်... "

ကလေးယူမယ်ဆိုတာ Jonginကို အလုပ်ထွက်ဖို့ ပြောတာနဲ့ အတူတူပင်...

Jongin ငယ်စဉ်ကတည်းက နေလာတဲ့အခန်းလေးကိုဝေ့ဝဲကြည့်မိသည်...

ဒီအခန်းထဲက စာကြည့်စားပွဲမှာ Jongin ငယ်ငယ်ကတည်းက အပတ်တကုတ်စာကြိုးစားဖူးသည်...

ထိုင်ရာကမထ စာတွေတောက်လျှောက်ကြည့်ခဲ့ပြီး လိုချင်တဲ့လိုင်းကိုရဖို့ အတော်ကြိူးစားခဲ့ရသည်...

ဘဝတစ်လျှောက် ဒီရည်ရွယ်ချက်တစ်ခုကိုသာ စွဲစွဲမြဲမြဲကြိူးစားခဲ့ရတာ အိမ်ထောင်ကျပြီးတာနဲ့ သူ့အလိုကျ နေပေးရတော့မှာလား...

သူငယ်ချင်း တွေ ဆေးကျောင်းကို ပေါ့ပေါ့ပါးပါးဖြတ်သန်းချိန်မှာ ကျောင်းရယ် စာကြည့်တိုက်ရယ် အိမ်ရယ် ကို ကူးလုူးဖြတ်သန်းပြီး ဒီအထဲမှာဘဲ နှစ်မြှူပ်ထားခဲ့တာ...

အိမ်မက်တွေလက်တွေ့အကောင်အထည်ဖော်ကာမှ လမ်းခုလတ်မှာ အိမ်ထောင်ကျကာ အလုပ်ပါထွက်ရတော့မည့်အဖြစ်မျိူး...

Japan ကနေ တစ်ယောက်တစ်ခြားစီပြန်လာပြီး Jongin က အိမ်ကိုမပြန်ဘဲ မိဘအိမ်မှာလာနေနေတာ တစ်ပတ်ပင်ပြည့်တော့မည်....

Sehun phဆက်တိုင်းလည်းမကိုင်တာမို့ သူအခုလိုက်လာတာဖြစ်နိုင်သည်...

"Jongin.... ကိုယ်စကားပြောချင်တယ်.. တံခါးဖွင့်ပေး..."

အခန်းတံခါးကို ထုရင်း ထွက်လာတဲ့စကားသံကို Jongin မကြားချင်ယောင်ဆောင်နေပေမယ့်....

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now