- 7 -

1K 115 0
                                    


"Japan နိူင်ငံသိူ့ ထွက်ခွာမည့် flight.... သည် မကြာမီပျံသန်းတော့မှာ ဖြစ်သောကြောင့် ခရီးသည်များ...."

လေယာဉ်လည်းထွက်တော့မှာမို့ Jongin luggage လေးကိုဆွဲကာ ခုံမှထရပ်လိူက်သည်...

လက်ထဲက Passportလေးနဲ့ Air Ticket လေးကို ငုံ့ကြည့်လိုက်ပြီး...

"Sehun မလာတော့ဘူးထင်ပါတယ်..."

Jongin ကိုယ့်ဘာသာ အားပေးသလိုလေး ပြုံးလိုက်ပြီး ခြေလှမ်းတွေကို ပင့်သက်တစ်ချက်ရိူှက်ရင်း စလှမ်းလိုက်သည်...

တစ်လှမ်း.....

နှစ်လှမ်း.....

သုံးလှမ်း.....

Jongin မျှော်လင့်ထားသလို sehun ပေါ်မလာပါ...

မနက်က သွားခါနီးအထိ sehunနဲ့ Jongin တို့ အကြီးအကျယ်ရန်ဖြစ်ခဲ့ကြသေးသည်....

Sehun ကလည်းတောက်လျှောက်အဖျားမကျတာမို့ jongin မသွားချင်ပေမယ့် ပေးထားတဲ့ ကတိတွေ နဲ့ jongin အလုပ်မှာ တာဝန်ခံထားတာတွေကရှိသေးသည်...

Sehun သောက်ဖို့ဆေးတွေ ပေးထားခဲ့ပေမယ့် ပုံမှန်မသောက်မှာလည်း jongin စိုးရိမ်မိသေးသည်...

အလုပ်ကိစ္စနဲ့အကြိမ်ပေါင်းများစွာ ခရီးထွက်ဖူးပေမယ့် jongin ဒီတစ်ခါလောက် တစ်ခါမှ နောက်ဆံမတင်းဖူး...

"လက်မှတ်လေးပြပါ ခင်ဗျာ...."

လက်မှတ်စစ်မယ့်သူကိုပြူံးပြလိူက်ပြီး လက်ထဲက ticket လေးကို ထည့်ပေးခါနီးဆဲဆဲမှာ ရုတ်တရတ် တစ်စုံတစ်ယောက်က ဆွဲလုတာခံလိုက်ရသလို jongin လက်ကိုလည်း ခပ်နွေးနွေးလက်တစ်ဖက်က လာရောက်ဆုပ်ကိုင်လေသည်....

Jongin ရုတ်တရက်မိူ့ လန့်သွားပြီး မော့ကြည့်လိုက်တော့....

"Sehun!!!!!"

Sehun က Jongin လက်ကိုဆောင့်ဆွဲပြီး...

"လာလိုက်ခဲ့...."

Jongin မှာ တွေးချိန်တောင်မရလိုက်ဘဲ sehun ဆွဲတဲ့နောက် ခလုတ်တိူက်လုမတတ် ပါသွားလေသည်....

"ခဏ...ခဏ.... sehun ခဏနေဦး...

လေယာဉ်လွတ်သွားလိမ့်မယ်....sehun....

Ooh Sehun.... ခဏနေဦးဆိုနေ!!!!!"

Jongin လက်ကိုဆွဲပြီး မရပ်မနားသွားနေတဲ့ Sehun ကို Jongin အော်လိုက်တော့မှ sehun ကသူ့ရဲ့ခြေလှမ်းကျဲကြီးတွေကိူ ရပ်ပစ်လိုက်လေသည်....

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now