- 9 -

10.9K 1K 66
                                    

"Jongin... သား ​အောက်​မှာ sehun ​ရောက်​​နေတယ်
.."

အခန်းတံခါးကို လာ​ခေါက်​ပြီး အပြင်​က​နေ ​ပြောတဲ့ ​မေ​မေ့စကား​ကြောင့်​ Jongin ​စောင်​ကို တင်း​နေ​အောင်​ခြူံ​လိုက်​ပြီး....

"ကျ​နော်​သူနဲ့ မ​တွေ့ချင်​​သေးဘူး.. ​မေ​မေ.. ပြန်​လွှတ်​လိုက်​.."

Jongin ကိုအမြဲအလိုလိုက်​ခဲ့တဲ့ ​မေ​မေက​တော့ သူမပီသစွာနဲ့ပင်​ ချက်​ချင်းအိမ်​​အောက်​သို့ပြန်​ဆင်းသွားတာကို ​ခြေသံ​တွေအရ Jongin သိလိုက်​သည်​...

Jongin ကုတင်​​ပေါ်မှာ ငုတ်​တုပ်​ထထိုင်​လိုက်​ရင်း....

အဲ့ဒီ​နေ့က Sehun ​ပြောတဲ့စကား​ကြောင့်​ Jongin မဲ့ပြူံးပြူံးမိပြန်​သည်​...

"က​လေးယူမယ်​... "

က​လေးယူမယ်​ဆိုတာ Jonginကို အလုပ်​ထွက်​ဖို့ ​ပြောတာနဲ့ အတူတူပင်​...

Jongin ငယ်​စဉ်​ကတည်းက ​နေလာတဲ့အခန်း​လေးကို​ဝေ့ဝဲကြည့်​မိသည်​...

ဒီအခန်းထဲက စာကြည့်​စားပွဲမှာ Jongin ငယ်​ငယ်​ကတည်းက အပတ်​တကုတ်​စာကြိုးစားဖူးသည်​...

ထိုင်​ရာကမထ စာ​တွေ​တောက်​​လျှောက်​ကြည့်​ခဲ့ပြီး လိုချင်​တဲ့လိုင်းကိုရဖို့ အ​တော်​ကြိုးစားခဲ့ရသည်​...

ဘဝတစ်​​လျှောက်​ ဒီရည်​ရွယ်​ချက်​တစ်​ခုကိုသာ စွဲစွဲမြဲမြဲကြိုးစားခဲ့ရတာ အိမ်​​ထောင်​ကျပြီးတာနဲ့ သူ့အလိုကျ ​နေ​ပေးရ​တော့မှာလား...

သူငယ်​ချင်း ​တွေ ​​ဆေး​ကျောင်းကို ​ပေါ့​ပေါ့ပါးပါးဖြတ်​သန်းချိန်​မှာ ​ကျောင်းရယ်​ စာကြည့်​တိုက်​ရယ်​ အိမ်​ရယ်​ ကို ကူးလုးဖြတ်​သန်းပြီး ဒီအထဲမှာဘဲ နှစ်​မြှူပ်​ထားခဲ့တာ...

အိမ်​မက်​​တွေလက်​​တွေ့အ​ကောင်​အထည်​​ဖော်​ကာမှ လမ်းခုလတ်​မှာ အိမ်​​ထောင်​ကျကာ အလုပ်​ပါထွက်​ရ​တော့မည့်​အဖြစ်​မျိုး...

Japan က​နေ တစ်​​ယောက်​တစ်​ခြားစီပြန်​လာပြီး Jongin က အိမ်​ကိုမပြန်​ဘဲ မိဘအိမ်​မှာလာ​နေ​နေတာ တစ်​ပတ်​ပင်​ပြည့်​​တော့မည်​....

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now