- 28 -

7.3K 817 39
                                    

" Sehun ... အခု ဆေးရုံကို ခဏလာပေးလို့ရမလား...?
Jongin က .......
.
.Sehun လာမှအဆင်ပြေမယ် ထင်တယ်.."

ဆောက်လက်စ mall အသစ်ကို Sehun သွားကြည့်ဖို့
စဉ်းစားနေတုန်း Jongin ဖုန်းဝင်လာပေမယ့် တစ်ဖက်က
လူကJongin မဟုတ်ဘဲBaekhyun...

" ဗျာ... ဘေဘီ ဘာဖြစ်လို့လဲ...! "

Sehun အလွန်ပင်ထိတ်လန့်သွားတာမို့ မေးလိုက်ပေမယ့်
Baekhyun ဘက်က ခဏတာ တိတ်ဆိတ်သွားပြီးမှ..

" အဲ့တာ... ရောက်ရင် ကျနော်ပြောပြပါ့မယ်..
အခု Jongin ခင်ဗျားကို လိုအပ်နေတယ်..."

Baekhyun စကားကြောင့်
Sehun တန်းမှာချိတ်ထားတဲ့ အပေါ်ကုတ်ကိုယူကာ
စားပွဲပေါ်က ကားသော့ကို ကောက်ယူလိုက်ပြီး
Baekhyun နဲ့ဖူန်းပြောရင်းဘဲ အခန်းပြင်ဘက်ကို ထွက်ခဲ့တယ်..

လက်ထဲက ကားသော့ကို မြင်တဲ့ PA ကအပြေးလာကာ
ကားသော့ကို ယူပြီးကားမောင်းပေးဖို့ ပြင်ပေမယ့် Sehun လက်ခါ ပြကာ driver နေရာဝင်ထိုင်လိုက်ပြီး ကားကိုစက်နှိုးလိုက်တော့သည်...

" ဘေဘီ ငိုနေသေးလား Baekhyun...
ကျနော် နောက် ၁၀ မိနစ်အတွင်းအရောက်လာမယ်.."

ပြောလက်စဖုန်းကို ချလိုက်ပြီး Sehun နံပါတ်တစ်ခုကို
နှိပ်လိုက်ကာ...

" ဘေဘီရဲ့ ဆေးရုံကို အမြန်ဆုံးသွားမှာမို့လို့
Traffic ကို တစ်ချက်လုပ်ပေးပါ.."

ဖုန်းကိုချလိုက်ရင်း ဂီယာချိန်းလိုက်ပြီး လီဗာနင်းကာ မောင်းထွက်လိုက်တော့
အရိုအသေးပေးနေတဲ့ လူံခြုံရေးတွေက ကျန်ရစ်ခဲ့သည်..

ဘာတွေဖြစ်တာလဲ ဘေဘီရယ်
ကိုယ်စိတ်ပူလှပြီ...

မနက်က Sehunဆေးရုံလိုက်ပို့တော့တောင်
ဘေဘီက ကားမပေးလို့ စိတ်ကောက်နေပေမယ့်
ပြူံးရွှင်နေတာပါ...

အကြောင်းမဲ့ နီနေတဲ့ မီးပွိုင့်တွေကြောင့်လမ်းမကြီးပေါ်က
ကားတွေ ပိတ်ကာ နားမလည်ဖြစ်နေကြပေမယ့်
လမ်းပြောင်းပြန်မောင်းပြီး မီးနီတွေကိုဖြတ်သွားတဲ့
Radi V10 ကားလေးဖြတ်ပြီးမှ မီးပွိုင့်တွေ
ပုံမှန်ပြန်အလူပ်လူပ်တော့သည်..

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now