- 29 -

8.5K 823 163
                                    

" ဒါ sir လိုချင်တဲ့ အချက်တွေပါ...
အကုန်စုံနေပြီမို့ တရားရုံးကို တင်လို့ရပါပြီ.."

Sehun လက်ထဲကိုPA ဖြစ်သူက လာပေးတဲ့ ဖိုင်တွဲကို
တဖြတ်ဖြတ်လှန်ရင်း...

" ဒီရက်ပိုင်း Jongin ကို သေချာစောင့်ကြည့်ထားပေးပါ..
သူ့ ဆရာက သူတို့ကို အသူံးချပြီး တရားမဝင်တာတွေလုပ်နေမှန်းသိရင် သူခံနိုင်ရည်ရှိမှာမဟုတ်ဘူး..."

Sehun ဖိုင်ကို စားပွဲပေါ်တင်လိုက်ရင်း...

" တရားစစွဲဖို့ ပြင်ဆင်လိုက်တော့...
ရုံးချိန်းကို ငါကိုယ်တိုင်တက်မယ်...
ရှေ့နေလီ ရောက်နေပြီ.."

Sehun မှာစရာရှိတာတွေမှာပြီး
လူပ်လက်စ အလုပ်ကိုပြန်လုပ်နေလိုက်သည်...

တကယ်ဆို Sehun ဒီအကြောင်းတွေကို သိခဲ့တာကြာပြီ..

Kim Young Min ရဲ့ လက်အောက်မှာ
Jongin က မိသားစုဝင်တစ်ယောက်လို သံယောဇဉ်ကြီးစွာအလုပ်လုပ်နေတာမို့ လွှတ်ထားပေးခဲ့တာ..

အခု Sehun က သူလုပ်နေတာတွေကို ရိပ်မိနေမှန်းသိတာမို့ Jongin ကို Team ထဲကထုတ်လိုက်ခြင်း..

မြေကွက်ကိစ္စမှာလည်း တစ်ဖက်နဲ့ အကျိုးတူပူးပေါင်းထားတာတွေ Sehun လက်ထဲမှာ သက်သေအဖြစ်ရထားပြီးပြီ...

အခု အသစ်ထုတ်ထားတဲ့ ဆေးအသစ်ကို အစိုးရကို အကုန်မအပ်ဘဲ ဂျပန်နဲ့ မြောက်ပိုင်းကို ခွဲဝေရောင်းထားတဲ့ ငွေမဲတွေရှိနေတာတောင် မြေကွက်ကို လောဘကြီးနေသေးသည်...

ဒီအမှုက တော်ရုံတော့ပြီးမှာမဟုတ်...

ဒီနေ့ Duty off မို့ အိမ်မှာရှိမယ့်ကောင်လေးကို
သတိရလိုက်ရင်း ဖုန်းကို ကောက်ခေါ်လိုက်တော့...

" အွန်းးးး... ကိုကိုပြော..."

ပါးစပ်ထဲမှာ တစ်ခုခုကို အပြည့်ဝါးနေရင်း ထူးသံလေးကြောင့်
Sehunရယ်လိုက်မိရင်း..

" ဘာတွေစားနေတာလဲ ဘေဘီ..
ပလုတ်ပလောင်းသံနဲ့.."

Sehun စကားကြောင့် Jongin က အရှေ့မှာ
ရှိတဲ့ ပန်းသီးဖျော်ရည်ကို အရင်မော့သောက်တယ်...

ဖုန်းထဲကနေ ကြားရတဲ့ တဂွတ်ဂွတ်အသံကြောင့်
Sehun အူယားစွာနဲ့ ရယ်လိုက်မိတော့...

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now