- 27 -

1K 95 0
                                    


" Jongin ဆေးရုံအောက်မှာ Sehun ရောက်နေပြီ.."

အချိူစက်က အချိူရည်တစ်ဘူးထုတ်နေတုန်း အနားကို လာပြောတဲ့ Baekhyun ကြောင့် လက်ကနာရီကိုငုံ့ကြည့်လိုက်တော့မှ ၅နာရီကျော်ပြီမှန်းသိသည်...

" Hyung က Night Duty လား.."

Duty Coat လက်မှာကိုင်ထားတဲ့ Baekhyun က ခေါင်းညိတ်ပြလိုက်ပြီးမှ..

" အင်း.. ဟုတ်တယ်..

ငါround လှည့်ရဦးမှာမို့ သွားပြီနော်.."

Jongin ခေါင်းညိတ်ပြလိုက်ရင်း ကိုယ့်ရုံးခန်းထဲကိုဝင်ကာ

သိမ်းစရာရှိတာတွေသိမ်း သော့ခတ်စရာရှိတာတွေ သော့ခတ်ပြီးမှ ၅ လွှာကနေ မြေညီထပ်ကို ဆင်းခဲ့လိုက်တော့၏..

ဆေးရုံ ရဲ့ မှန်တွေကာထားတဲ့ စင်္ကြန်လမ်းကနေ Jongin အပြင်ဘက်ကို လှမ်းကြည့်တော့ ကားကို မှီရင်း ရပ်နေတဲ့

Sehun ကို မြင်လိုက်ရတာမို့ ကြည်ကြည်နူးနုူးပြူံးမိလိုက်သည်...

ဆေးရုံရှေ့က ပန်းခြံကားပါကင်မှာ ကားကို မှီရင်း

ရပ်စောင့်နေတဲ့ Sehun တစ်ယောက် ဆေးရုံအဝက Jongin ကိုမြင်တော့ အပြေးလေးလမ်းကူးလာကာ လက်ထဲက အထုတ်တွေကို ဆွဲရင်း Jongin လက်ကလေးကိုတွဲလိုက်တယ်..

Jongin က Sehun လက်လေးကိုပြန်လည်ဆုပ်ကိုင်လိုက်ပြီး

အတူတူ ကားရှိရာကို လမ်းလျှောက်လာကြရင်းနဲ့မှ ...

" oh my god..!! Sehun..! "

Sehun ကတော့ Jongin ဘာကြောင့် အံ့သြတကြီးနဲ့ ထအော်တာလဲဆိုတာ သိတော့ ပြူံးကာ ကြည့်နေလေသည်..

" Oh my god .. Radi R8 V 10 ဘဲ..

oh sehun ခင်ဗျားမောင်းလာတာလား...!!

Jongin ကတော့ သူအရမ်းလိုချင်နေတဲ့ ကားကိုတွေ့လိုက်ရတာမို့ Sehun ကိုတောင် သတိမရတော့ဘဲ ကားကို လှည့်ပတ်ကြည့်ကာ ပျော်နေတာ့သည်...

$138,700 လောက်ရှိတာမို့ Jonginဝယ်ဖို့ နှမြောနေတဲ့ ကားလေးက အခု Jongin ကိုလာကြိုသည်တဲ့..

Jonginပျော်လွန်းလို့ မျက်စိရှေ့က ကားလေးက လွဲရင် ဘာမှမမြင်တော့...

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now